ပညာရေး

ဂျပန်နိုင်ငံ၏ပညာရေး

ဂျပန်နိုင်ငံ၏ပညာရေးစနစ်သည် မသင်မနေရ ပညာရေး (မူလတန်းကျောင်း ၆နှစ်၊ အလယ်တန်းကျောင်း ၃နှစ်)အဖြစ် ၉နှစ်သင်ယူပြီး အထက်တန်းကျောင်းတွင် ၃နှစ်၊ တက္ကသိုလ်တွင် ၄နှစ် သင်ရပါသည်။ ကျောင်းများသည် ဧပြီလတွင် ပညာသင်နှစ်အသစ် စပြီး နောက်နှစ် မတ်လတွင် ပြီးပါသည်။ အထက်တန်းကျောင်းအထိ ကျောင်းအများစုက စာသင်ကာလ ၃ခု (ဧပြီလမှ ဇူလိုင်၊ စက်တင်ဘာလမှ ဒီဇင်ဘာလ၊ ဇန်နဝါရီလမှ မတ်လ) ဖြင့် သင်ပေးပါသည်။ တစ်ချို့ကျောင်းသည် စာသင်ကာလ ၂ခု (ဧပြီလမှာ စက်တင်ဘာ၊ အောက်တိုဘာလမှ မတ်လအထိ) သင်ပေးပါသည်။ စာသင်ကာလ တစ်ခုနှင့်တစ်ခုကြားတွင် ကျောင်းပိတ်ပါသည်။

📖နိုင်ငံခြားသား၏ကလေးများကျောင်းတက်ရန်လမ်းညွှန်

ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဂျပန်နိုင်ငံတွင် ကျောင်းတက်နိုင်ရန် လျှောက်ထားနည်းကို ဘာသာစကားမျိုးစုံဖြင့် ရှင်းပြထားသည်။

နိုင်ငံခြားသား၏ကလေးများကျောင်းတက်ရန်လမ်းညွှန် (ဂျပန်ဘာသာ)

မူကြိုကျောင်း၊ အသိအမှတ်ပြုကလေးထိန်းမူကြိုကျောင်း

မူကြိုကျောင်းတွင် မူလတန်းမတက်မီ အသက် ၃နှစ်မှ ၅နှစ်ရှိကလေးများအား ပညာသင်ပေးပါသည်။ ဧပြီလတွင် ကျောင်းဖွင့်ပြီး ဧပြီလမတိုင်မီ အောက်တိုဘာလလောက်မှစ၍ ကျောင်းထားရန် စာရင်းစတင်လက်ခံပါသည်။ ထို့အပြင် မူကြိုကျောင်းနှင့် ကလေးထိန်းကျောင်း ကျောင်း ၂မျိုး၏ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည့် ကလေးကို ပညာသင်ပေးပြီး ကလေးထိန်းပေးသည့် အသိအမှတ်ပြုကလေးထိန်းမူကြိုကျောင်းလည်းရှိပါသည်။ ကလေးအသက် ၃နှစ်ကျော်ပါက အလုပ်အကိုင်မရှိသည့် မိဘလည်း ကလေးထားနိုင်ပါသည်။ အသေးစိတ်ကို မူကြိုကျောင်းများထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းပါ။ သို့မဟုတ် အစိုးရမူကြိုကျောင်းထားလိုပါက မြို့နယ်အစိုးရထံသို့ စုံစမ်းမေးမြန်းပါ။

မူလတန်းကျောင်း၊ အလယ်တန်းကျောင်း

ဂျပန်နိုင်ငံတွင် မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းသည် မသင်မနေရ ပညာရေးဖြစ်ပါသည်။ နိုင်ငံခြားသား၏ ကလေးလည်း ဂျပန်နိုင်ငံသားအတိုင်း ကျောင်းတက်ရောက် ပညာသင်ယူနိုင်ပါသည်။ အစိုးရကျောင်းဖြစ်ပါက ခရိုင် သို့မဟုတ် မြို့နယ်ပညာရေးကော်မတီ၊ ပုဂ္ဂလိကကျောင်းဖြစ်ပါက ထို့ကျောင်းထံသို့ တိုက်ရိုက်စုံစမ်းပြီး လိုအပ်သည့်များကို ဆောင်ရွက်ရပါမည်။

⑪ပညာရေးကော်မတီ မသင်မနေရပညာရေးဌာနများ

အထက်တန်းကျောင်း

အထက်တန်းကျောင်းသည် နေ့ခင်းဘက်တွင် ကျောင်းတက်သည့် နေ့ကျောင်းနှင့် ညဘက်တွင် နေ့ခင်း အလုပ်လုပ်လျှက် ညတွင် ကျောင်းတက်သည့် ညကျောင်း၊ နေအိမ်တွင် စာသင်မည့် အဝေးသင်ကျောင်းရှိပါသည်။ အထွေထွေကျောင်းနှင့် အထူးပြုကျောင်း (စက်မှု၊ စီးပွားရေး၊ စိုက်ပျိုးရေး)ရှိပါသည်။ ဂျပန်နိုင်ငံတွင် ကျောင်းသားအများစုသည် အထက်တန်းကျောင်းအထိ ပညာသင်ကြပါသည်။ အထက်တန်းကျောင်းတက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီး အောင်မြင်ရပါမည်။ အထက်တန်းကျောင်းဝင်ခွင့်ပြုကိစ္စနှင့်ပတ်သက်၍ အလယ်တန်းကျောင်းတက်နေပါက အလယ်တန်းကျောင်းတွင် စုံစမ်းမေးမြန်းပါ။

တက္ကသိုလ် /ကောလိပ်

အထက်တန်းကျောင်းအောင်မြင်သူ သို့မဟုတ် အထက်တန်းကျောင်းအောင်မြင်သူနှင့် ညီမျှသောပညာအရည်အချင်း ရှိသည်ဟု အသိအမှတ်ပြုခြင်းခံရသူတို့သည် တက္ကသိုလ်တက်ရောက်နိုင်ပါသည်။ တက္ကသိုလ်ဝင်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီး အောင်မြင်ရပါမည်။ ဝင်ခွင့်ပြုခြင်းကိစ္စ အသေးစိတ်ကို အထက်တန်းကျောင်းတက်နေပါက အထက်တန်းကျောင်းတွင် စုံစမ်းမေးမြန်းပါ။ သို့မဟုတ် တက္ကသိုလ်ထံသို့ တိုက်ရိုက် စုံစမ်းမေးမြန်းပါ။

အထူးပြုသင်တန်းကျောင်း

အထက်တန်းကျောင်းအောင်မြင်သူများအတွက် အထူးပြုသင်တန်းကျောင်း အမျိုးမျိုးရှိပါသည်။ ကျောင်းတက်ရန် ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး အောင်မြင်ရပါမည်။ အထက်တန်းကျောင်းတက်နေပါက အထက်တန်းကျောင်းတွင် တိုင်ပင်ဆွေးနွေးပါ။ သို့မဟုတ် အထူးပြုသင်တန်းကျောင်းထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းပါ။

ပညာရေးအရည်အချင်းအသိအမှတ်ပြုစာမေးပွဲ / ပညာရေး၊ ယဉ်ကျေးမှု၊

အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အထက်တန်းကျောင်း သို့မဟုတ် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်ရန် အလယ်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်းအောင်မြင်သူနှင့်ညီမျှသော ပညာအရည်အချင်းရှိခြင်းကို အသိအမှတ်ပြုပေးသည့် စာမေးပွဲ ရှိပါသည်။ အသေးစိတ်ကို ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ စုံစမ်းမေးမြန်းပါ။

💻အလယ်တန်းအောင်မြင်သူနှင့်ညီမျှသောပညာအရည်အချင်းအသိအမှတ်ပြ

ုစာမေးပွဲ   ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အထွေထွေပညာရေးမူဝါဒဌာန၊ ဘဝတစ်သက်တာပညာရေးဌာနခွဲ အသိအမှတ်ပြုစာမေးပွဲဌာနအမှတ် ၂ ဌာနစိတ်
ဖုန်း:03-5253-4111

Junior and Senior High School Equivalence Examinations(Japanese)

💻အထက်တန်းအောင်မြင်သူနှင့်ညီမျှသောပညာအရည်အချင်းအသိအမှတ်ပြ

ုစာမေးပွဲ   ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အထွေထွေပညာရေးမူဝါဒဌာန၊ ဘဝတစ်သက်တာပညာရေးဌာနခွဲ
ဖုန်း:03-5253-4111

အခြား ပညာရေးကျောင်းနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များ

အသေးစိတ်သိရှိလိုပါက လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာန၏ “နေထိုင်မှုဘဝနှင့်လုပ်ငန်းခွင်ဆိုင်ရာလမ်းညွှန်စာအုပ်” “အခန်း ၅ ပညာရေး”တွင် လေ့လာနိုင်ပါသည်။