ကား၊ ဆိုင်ကယ်

ဂျပန်နိုင်ငံတွင် ယာဉ်မောင်းခြင်း

ဂျပန်နိုင်ငံတွင် ကား နှင့် ဆိုင်ကယ်မောင်းလိုပါက ယာဉ်မောင်းလိုင်စင်လိုအပ်ပါသည်။

○နိုင်ငံတကာယာဉ်မောင်းလိုင်စင်

ဂျီနီဗာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံမှထုတ်ပေးသည့် နိုင်ငံတကာယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူသည် ဂျပန်နိုင်ငံကို ရောက်ရှိသည့်နေ့မှစပြီး တစ်နှစ်အတွင်းတွင် ထို့နိုင်ငံတကာ ယာဉ်မောင်းလိုင်စင်ဖြင့် လိုင်စင် သက်တမ်းရှိပါက ယာဥ်မောင်း နိုင်ပါသည်။
သို့သော်လည်း နိုင်ငံတကာယာဉ်မောင်းလိုင်စင်ယူပြီးနောက် ၃ လမကြာပဲ ဂျပန်နိုင်ငံကို ပြန်ဝင်ရောက်လာသူသည် အကျုံးမဝင်ပါ။

💻နိုင်ငံခြားတွင်ရယူထားသည့်နိုင်ငံတကာယာဉ်မောင်းလိုင်စင်ဖြင့် ဂျပန်နိုင်ငံတွင်ယာဉ်မောင်းခြင်း / တိုကျိုခရိုင်ရဲဌာန ယာဉ်မောင်းလိုင်စင်ဌာနချုပ်

စာမျက်နှာအောက်အထိ Scroll လုပ်လျှင် ဘာသာစကားမျိုးစုံဖြင့် ရှင်းပြပေးထားသည်။

နိုင်ငံခြားတွင် ရယူထားသည့် နိုင်ငံတကာယာဉ်မောင်းလိုင်စင်ဖြင့် ဂျပန်နိုင်ငံတွင် ယာဉ်မောင်းခြင်း

○နိုင်ငံခြားယာဉ်မောင်းလိုင်စင်

အကယ်၍ ဆွစ်ဇာလန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ မိုနာကို သို့မဟုတ် ထိုင်ဝမ်နိုင်ငံမှ ထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင်ရှိပါက သံရုံး၊ ကောင်စစ်ဝန်ရုံ၊ သို့မဟုတ် JAF (ဂျပန်နိုင်ငံမော်တော်ယာဉ်အသင်းချုပ်)မှ ဘာသာပြန်ပေးသည့် ဘာသာပြန်စာရွက်ကို ကိုင်ဆောင်ထားပါက ဂျပန်နိုင်ငံကို ရောက်ရှိသည့်နေ့မှစပြီး တစ်နှစ်အတွင်းတွင် ထို့ယာဉ်မောင်းလိုင်စင်ဖြင့် ထို့လိုင်စင်သက်တမ်းရှိပါက ယာဥ်မောင်းနိုင်ပါသည်။
သို့သော်လည်း နိုင်ငံခြားယာဉ်မောင်းလိုင်စင်ယူပြီးနောက် ၃ လမကြာပဲ ဂျပန်နိုင်ငံကို ပြန်ဝင်ရောက်လာသူသည် အကျုံးမဝင်ပါ။

💻အစိုးရအဖွဲ့အမိန့်ဖြင့် သတ်မှတ်ပေးထားသည့်နိုင်ငံမှထုတ်ပေးသည့်ယာဉ်မောင်းလိုင်စင်ဖြင့် ဂျပန်နိုင်ငံတွင် ယာဥ်မောင်းခြင်း /တိုကျိုခရိုင်ရဲဌာန ယာဉ်မောင်းလိုင်စင်ဌာနချုပ်

ဘာသာစကား:ဂျပန်၊ အင်္ဂလိပ်၊ တရုတ်(ရိုးရာ)၊ ဂျာမနီဘာသာ

အစိုးရအဖွဲ့အမိန့်ဖြင့် သတ်မှတ်ပေးထားသည့် နိုင်ငံမှထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင်ဖြင့် ဂျပန်နိုင်ငံတွင် ယာဥ်မောင်းခြင်း

💻ဆွစ်ဇာလန်၊ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ မိုနာကို သို့မဟုတ် ထိုင်ဝမ်နိုင်ငံမှ ထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူများ/JAF

JAF (ဂျပန်နိုင်ငံမော်တော်ယာဉ်အသင်းချုပ်)၏ ဝက်ဘ်ဆိုက် “ယာဉ်မောင်းလိုင်စင် ဘာသာပြန်ဝန်ဆောင်မှု လျှောက်ရန်”တွင် ယာဉ်မောင်းလိုင်စင်ဘာသာပြန်ရန် လျှောက်နိုင်ပါသည်။ ဝက်ဘ်ဆိုင်တွင် လျှောက်ရန် အခက်အခဲရှိပါက JAFကာဂါဝါရုံးခွဲသို့ စာတိုက်မှတစ်ဆင့် လျှောက်နိုင်ပါသည်။

ယာဉ်မောင်းလိုင်စင် ဂျပန်ဘာသာပြန်ခြင်းအကြောင်း

အွန်လိုင်းဖြင့် ဘာသာပြန်လျှောက်ရန်

ယာဉ်မောင်းလိုင်စင်ဘာသာပြန်လျှောက်ရန် ဝက်ဘ်ဆိုက် (ဂျပန်၊ အင်္ဂလိပ်၊ တရုတ်ဘာသာ)

ဂျပန်နိုင်ငံယာဉ်မောင်းလိုင်စင်သို့ပြောင်းခြင်း

နိုင်ငံခြားတွင် တရားဝင်ထုတ်ပေးထားသည့် သက်တမ်းရှိ နိုင်ငံခြားယာဉ်မောင်းလိုင်စင်ကို ကိုင်ဆောင်ထားသူသည် ဂျပန်နိုင်ငံယာဉ်မောင်းလိုင်စင်သို့ လိုင်စင်ပြောင်းလျှောက်နိုင်ပါသည်။ သို့သော်လည်း နိုင်ငံခြားယာဉ်မောင်းလိုင်စင် ရရှိပြီး ၃ လမကြာသေးသည့်ကာလတွင် ဂျပန်နိုင်ငံကို ဝင်ရောက်လာသူသည် အကျုံးမဝင်ပါ။
နိုင်ငံခြားယာဉ်မောင်းလိုင်စင်၏ ဂျပန်ဘာသာပြန် စသည့်လိုအပ်သော စာရွက်စာတမ်းကို ပြင်စင်ပြီး ယာဉ်မောင်းလိုင်စင်စင်တာကို ဖုန်းဆက်ပြီး “စိစစ်မှု”အတွက် ရက်ချိန်းယူပါ။ စိစစ်မှုပြီးနောက် နောင်ရက်တွင် “ဗဟုသုတစစ်ဆေးမှု” နှင့် “လက်တွေ့စစ်ဆေးမှု” စာမေးပွဲဖြေဆိုရပါမည်။ စာမေးပွဲအောင်ပါက “အရည်အချင်းစစ်ဆေးမှု”ပြုလုပ်ပြီး အရည်အချင်းပြဿနာမရှိပါက ယာဉ်မောင်းလိုင်စင်ထုတ်ပေးပါမည်။ ဂျပန်စကားမကျွမ်းကျင်ပါက စကားပြန်နှင့်အတူ သွားပါ။ ဗဟုသုတစစ်မေးမှုသည် အင်္ဂလိပ်ဘာသာစသည့် နိုင်ငံခြား ဘာသာဖြင့်လည်း ဖြေဆိုနိုင်ပါသည်။ အသေးစိတ်ကို ယာဉ်မောင်းလိုင်စင်စင်တာ စာမေးပွဲဌာနခွဲ(ဖုန်း: 087-881-0645)ထံသို့ စုံစမ်းမေးမြန်းပါ။.

💻နိုင်ငံခြားယာဉ်မောင်းလိုင်စင်မှ ဂျပန်နိုင်ငံယာဉ်မောင်းလိုင်စင်သို့ ပြောင်းလိုသူများအတွက် /JAF

JAF (ဂျပန်နိုင်ငံမော်တော်ယာဉ်အသင်းချုပ်)၏ ဝက်ဘ်ဆိုက် “ယာဉ်မောင်းလိုင်စင်ဘာသာပြန်ဝန်ဆောင်မှု လျှောက်ရန်”တွင် ယာဉ်မောင်းလိုင်စင်ဘာသာပြန်ရန် လျှောက်နိုင်ပါသည်။ ဝက်ဘ်ဆိုင်တွင် လျှောက်ရန် အခက်အခဲ ရှိပါက JAFကာဂါဝါရုံးခွဲသို့ စာတိုက်မှတစ်ဆင့် လျှောက်နိုင်ပါသည်။

ယာဉ်မောင်းလိုင်စင် ဂျပန်ဘာသာပြန်ခြင်းအကြောင်း

အွန်လိုင်းဖြင့် ဘာသာပြန်လျှောက်ရန်

ယာဉ်မောင်းလိုင်စင်ဘာသာပြန်လျှောက်ရန် ဝက်ဘ်ဆိုက် (ဂျပန်၊ အင်္ဂလိပ်၊ တရုတ်ဘာသာ)

ဂျပန်နိုင်ငံ ယာဉ်မောင်းလိုင်စင်ကို ဖြေဆိုခြင်း

ဂျပန်နိုင်ငံတွင် အများစုက ယာဉ်မောင်းသင်တန်းကျောင်းသွားတက်ပြီး ယာဉ်မောင်းလိုင်စင်ကို ဖြေဆိုပါသည်။ လိုင်စင်ဖြေဆိုရန် အသက် ၁၈နှစ်ကျော် (ဆိုက်ကယ်ဖြစ်ပါက အသက် ၁၆နှစ်ကျော်)ရှိပြီး ကာဂါဝါခရိုင်တွင် နေထိုင်ကြောင်း အကြောာင်းကြားထားသူဖြစ်ရမည်။ တက်ရောက်သင်ယူလွယ်ကူသော ယာဥ်မောင်း သင်တန်းကျောင်းကို ရှာပြီး သင်တန်းအပ်ပါ။ ဂျပန်စကားမပြောတတ်ပါက ပြောတတ်သူနှင့်အတူတူ သွားပါ။ သင်တန်းကြေးသည် ရိုးရိုးအိမ်စီးကားဖြစ်ပါက ယန်း ၂သိန်းမှ ၃သိန်းခန့်ဖြစ်ပြီး ဆိုက်ကယ်အတွက်မူ ၁သိန်း ၂သောင်းမှ ၈သောင်းဖြစ်ပါသည်။
သင်တန်းကျောင်းတွင် သတ်မှတ်ထားသည့်အကြိမ် သင်တန်းတက်ရပါမည်။ ဂျပန်ဘာသာဖြင့်သာ သင်ပေးနေသော်လည်း အချို့ယာဥ်မောင်းသင်တန်းကျောင်းတွင် အင်္ဂလိပ်၊ တရုတ်ဘာသာ သင်ခန်းစာကို စီစဉ်ပေးသည့် သင်တန်းကျောင်းလည်းရှိပါသည်။
အသိအမှတ်ပြုယာဥ်မောင်းသင်တန်းကျောင်းမှ ကျောင်းဆင်းလက်မှတ်ရရှိထားသူသည် ယာဥ်မောင်း လိုင်စင်စင်တာတွင် အရည်အချင်းစစ်ဆေးမှုနှင့် စာတွေ့စာမေးပွဲ အောင်လျှင် လိုင်စင်ထုတ်ပေးပါသည်။ စာတွေ့စာမေးပွဲကို အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်ဘာသာဖြင့် ဖြေဆိုနိုင်ပါသည်။ အသေးစိတ်ကို ယာဥ်မောင်းလိုင်စင်စင်တာ စာမေးပွဲဌာန(ဖုန်း: 087-881-0645)ထံသို့ စုံစမ်းမေးမြန်းပါ။

③ယာဥ်မောင်းလိုင်စင်စင်တာများ

ယာဉ်မောင်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ အသေးစိတ်သိရှိလိုပါက လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာန၏ “နေထိုင်မှုဘဝနှင့်လုပ်ငန်းခွင်ဆိုင်ရာလမ်းညွှန်စာအုပ်” “အခန်း ၉ သယ်ယူပို့ဆောင်ရေး”တွင် လေ့လာနိုင်ပါသည်။