အများသုံးသယ်ယူပို့ဆောင်ရေး

မီးရထား

ကာဂါဝါခရိုင်အတွင်း “JR”နှင့် ”Kotoden” ရထားကုမ္ပဏီ ၂ ခုသည် ရထားပြေးဆွဲနေပါသည်။ လက်မှတ်ကို ဘူတာရုံရှိ လက်မှတ်ရောင်းစက်တွင် ဝယ်ယူနိုင်ပါသည်။ ဘူတာရုံဝန်ထမ်းမရှိသည့်ဘူတာမှ ရထားစီးပါက ရထားပေါ်တွင် ရထားဝန်ထမ်းထံမှ ဝယ်ယူနိုင်ပါသည်။ လပေးလက်မှတ် သို့မဟုတ် တစ်ရက်လက်မှတ်ကိုမူ ဘူတာရုံရှိ ကောင်တာတွင် ဝယ်ယူပါ။ ကလေးသည် အသက်အရွယ်ပေါ်မူတည်၍ လျှော့ဈေးဖြင့် သို့မဟုတ် အခမဲ့ စီးနိုင်ပါသည်။

🚃Kotoden

Kotoden၏ ရထားလိုင်းများ၊ အချိန်ဇယား၊ ဈေးနှုန်း၊ ICကတ် “IruCa”အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြထားပါသည်။

Kotoden guide map (အင်္ဂလိပ်ဘာသာ)

နိုင်ငံခြားဘာသာဖြင့် ရေးထားသော Kotodenဧည့်လမ်းညွှန်ကို Downloadလုပ်နိုင်ပါသည်။

Kotoden ဧည့်လမ်းညွှန်(ဂျပန်ဘာသာ)

🚃JRရှိခိုခု (ဂျပန်ဘာသာ)

JRရှိခိုခု

ဘတ်စ်ကား

ဘတ်စ်ကားသည် စီးမည့်အကွာအဝေးပေါ်မူတည်ပြီး ဘတ်စ်ကားခကောက်ခံသည့်ဘတ်စ်ကားနှင့် မြို့နယ်အစိုးရမှ ပြေးဆွဲနေသည့် Community Bus ကဲ့သို့ ပုံသေဘတ်စ်ကားခ ပေးရမည့်ဘတ်စ်ကားလည်းရှိပါသည်။
ဘတ်စ်ကားခ အပြောင်းအလဲရှိသည့် ဘတ်စ်ကားကို စီးပြီး ငွေသားဖြင့် ပေးချေလိုပါက ဘတ်စ်ကားစီးသည့်အခါ နံပါတ်ပြလက်မှတ်ကို ယူထားပါ။ ဘတ်စ်ကားဆင်းလိုသည့် မှတ်တိုင်ကို အသိပေးကြေငြာသည့်အခါ၊ ကားရှေ့ခန်းတွင်ရှိ သင်ပုန်းကြီးတွင် အသိပေးဖော်ပြသည့်အခါ ပြတင်းပေါက် သို့မဟုတ် ထိုင်ခုံအနီးရှိ ခလုတ်ကိုနှိပ်ပြီး ဘတ်စ်ကားဆင်းလိုကြောင်းကို အသိပေးပါ။ ဘတ်စ်ကားဆင်းသည့်အခါ နံပါတ်ပြလက်မှတ်၏ နံပါတ်နှင့် ကားရှေ့ခန်းရှိ သင်ပုန်းကြီးတွင် ဖော်ပြထားသည့် ဘတ်စ်ကားခဇယားကို တိုက်ကြည့်ပြီး သတ်မှတ်ထားသည့် ဘတ်စ်ကားခကို ယာဉ်မောင်းဘေးရှိ ဘတ်စ်ကားခကောက်ခံစက်တွင် နံပါတ်ပြလက်မှတ်နှင့်အတူ ဘတ်စ်ကားခကို ထည့်ရပါမည်။
ဘတ်စ်ကားခကို ICကတ်ဖြင့် ပေးချေမည်ဆိုလျှင် ဘတ်စ်ကားစီးသည့်အခါ နှင့် ဆင်းသည့်အခါ IC ကတ်ကို စင်ဆာစက်တွင် ထိရပါမည်။ လက်ကျန်ငွေမရှိပါက ယာဉ်မောင်းကို ပြောပြီး ငွေဖြည့်ပါ။

အဝေးပြေးကား

တာခါမာဆုနှင့် မာရူဂါမဲ့မှ ဂျပန်နိုင်ငံရှိ မြို့အမျိုးမျိုးသို့ အဝေးပြေးကား ပြေးဆွဲနေပါသည်။

◎အဝေးပြေးကားကုမ္ပဏီများ

တက္ကစီ

ဘူတာကြီးနှင့် ဆေးရုံရှေ့တွင် တက္ကစီရပ်နားရာနေရာရှိပါသည်။ တက္ကစီကုမ္ပဏီကိုဖုန်းခေါ်ပြီး တက္ကစီကို ခေါ်နိုင်ပါသည်။ စာအနီဖြင့် 空車ခရီးသည်မပါဟု ပြထားသော တက္ကစီသည် တားပြီး စီးနိုင်ပါသည်။
တက္ကစီခကို အကွာအဝေးနှင့် အချိန်အပေါ်မူတည်ပြီး တွက်ချက်ကောက်ခံပါသည်။ နံနက်စောစောနှင့် ညသန်းခေါင်းတွင် တက္ကစီခ ၂၀% ပိုပေးရမည်။ ဘောက်ဆူးပေးစရာမလိုပါ။

လေယာဉ်

တာခါမာဆုလေဆိပ်မှ တိုကျို (ဟာနဲဒါ၊ နာရီတာ)နှင့် အိုကီနာဝါသို့ သွားမည့် ပြည်တွင်းလေကြောင်းလိုင်းနှင့် ဆိုးလ်၊ ရှန်ဟိုင်း၊ တိုင်ပေ၊ ဟောင်ကောင်သို့သွားမည့် နိုင်ငံတကာလေကြောင်းလိုင်း ရှိပါသည်။ အသေးစိတ်ကို လေယာဉ်ကုမ္ပဏီ အသီးသီးနှင့် တာခါမာဆုလေဆိပ်တို့၏ ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

◎လေယာဉ်ကုမ္ပဏီများ

💻တာခါမာဆုလေဆိပ်

ဘာသာစကား:
ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယား၊ တရုတ် (အလွယ်)၊ တရုတ် (ရိုးရာ)ဘာသာ
လိပ်စာ:
〒760-1401 Takamatsuမြို့ Konan-cho Oka 1312-7
ဖုန်း:
087-814-3355

တာခါမာဆုလေဆိပ်(အင်္ဂလိပ်ဘာသာ)

သင်္ဘော

တာခါမာဆု၊ မာရူဂါမဲ၊ တာဒိုဆု၊ ခန်အွန်ဂျီ၊ မီတိုယိုမှ ခရိုင်အတွင်းရှိ ကျွန်းများနှင့် တစ်ခြားခရိုင်ရှိမြို့များသို့ သင်္ဘောဖြင့် သွားနိုင်ပါသည်။ ကားကိုတင်နိုင်သည့် ကူးတို့များနှင့် အမြန်သင်္ဘောများရှိပြီး ဈေးနှုန်းလည်းမတူပါ။ အသေးစိတ်ကို ဆိပ်ကမ်းများနှင့် သင်္ဘောကုမ္ပဏီများထံသို့ စုံစမ်းမေးမြန်းပါ။

အငှားစက်ဘီး

အငှားစက်ဘီး ငှားသုံးနိုင်သည့်ဒေသရှိပါသည်။ တာခါမာဆုမြို့လယ်ကောင်တွင် JR တာခါမာဆုဘူတာ အောက်ထပ်၊ Kotoden ခါဝါရာမာချီဘူတာ အောက်ထပ်၊ Kotoden လီဆုလင်းပန်းခြံဘူတာစသည့်နေရာ ၇ နေရာတွင် စက်ဘီးရပ်ရှိပြီး အဆင်ပြေသည့်စက်ဘီးရပ်မှ စက်ဘီးငှားပြီး အဆင်ပြေသည့်စက်ဘီးရပ်တွင် ပြန်ထားနိုင်ပါသည်။ ဈေးနှုန်းသည် တစ်ရက် ယန်း ၂၀၀ဖြစ်ပါသည်။ စမတ်ဖုန်းဖြင့် စာရင်းပေး အသုံးပြုရမည်ဖြစ်သောကြောင့် “HELLO CYCLING” ဟုခေါ်သော အက်ပလီကို Download လုပ်ပြီး မှတ်ပုံတင်ပြီး အသုံးပြုနိုင်ပါသည်။

ဘာသာစကား:အင်္ဂလိပ်၊ ဂျပန်၊ တရုတ်ဘာသာ