နေထိုင်ခွင့်ကတ်

နေထိုင်ခွင့်ကတ်ဆိုသည်မှာ

ဂျပန်နိုင်ငံတွင် ၃လကျော်နေထိုင်မည့် “ကာလလတ်၊ ကာလရှည်နေထိုင်သူ”အတွက် နေထိုင်ခွင့်ကတ်ကို ထုတ်ပေးပါသည်။ နေထိုင်ခွင့်ကတ်ကို အိုင်ဒီကတ်အဖြစ် အသုံးပြုနိုင်သောကြောင့် အမြဲတမ်းကိုင်ဆောင်ပြီး ရဲမှထုတ်ပြရန် တောင်းဆိုလာပါက တင်ပြရပါမည်။
နိုင်ငံခြားသားများ၏ နေထိုင်ခွင့်နှင့် နေထိုင်ခွင့်ကာလသည် ဂျပန်နိုင်ငံကို လာရောက်သည့် ရည်ရွက်ချက် ပေါ်မူတည်ပြီး ဆုံးဖြတ်ပါသည်။ နေထိုင်ခွင့် ၂၉မျိုးရှိပြီး နေထိုင်ခွင့်အသီးသီးတွင် ခွင့်ပြုပေးထားသည့် လှုပ်ရှားမှုကိုသာ လုပ်ကိုင်ခွင့်ရှိပါသည်။

💻လျှောက်လိုသည့်အကြောင်းကိစ္စကိုရှာရန် / လူဝင်မှုကြီးကြပ်ရေးနှင့်နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီ

ဤဝက်ဘ်ဆိုက်တွင် နေထိုင်ခွင့်ကတ်စသည့် အကြောင်းကိစ္စနှင့်ပတ်သက်သော လျှောက်ပုံလျှောက်နည်း၊ လိုအပ်သောစာရွက်စာတမ်းများကို လေ့လာနိုင်ပါသည်။ လျှောက်လွှာ (ဂျပန်ဘာသာနှင့် အင်္ဂလိပ်ဘာသာ)ကိုလည်း Download လုပ်နိုင်ပါသည်။
အောက်ပါလင့်ကိုနှိပ်လျှင် ဂျပန်စာစာမျက်နှာကိုရောက်ပါမည်။ Screen အောက်တွင် ဘာသာစကား Panelကို တွေ့ပါလိမ့်မည်။ ထို့ Panelတွင် မြန်မာဘာသာကို ရွေးပါ။

လျှောက်လိုသည့်အကြောင်းကိစ္စကိုရှာရန်

လိပ်စာအကြောင်းကြားခြင်း

လေဆိပ်တွင် လက်ခံသည့်နေထိုင်ခွင့်ကတ် သို့မဟုတ် “နေထိုင်ခွင့်ကတ်ကိုနောင်ရက်တွင်ထုတ်ယူရန်”ဟု တံဆိပ်တုံးနှိပ်ထားသည့် ပတ်စပို့ကိုကိုင်ဆောင်ပြီး ၁၄ရက်အတွင်း မြို့နယ်အစိုးရရုံးကိုသွား၍ လိပ်စာ အကြောင်းကြားရပါမည်။ အိမ်ပြောင်းသည့်အခါတွင်လည်း အလားတူအကြောင်းကြားရပါမည်။ လိပ်စာအသစ်ကို ကတ်နောက်ကျောတွင် ရေးပေးပါမည်။

လိပ်စာမှလွဲ၍အခြားအကြောင်းအရာပြောင်းလဲခြင်း

အမည်၊ မွေးသက္ကရာဇ်၊ ကျားမ၊ နိုင်ငံသားတွင် အပြောင်းအလဲရှိလာပါက ၁၄ရက်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီကို အကြောင်းကြားပါ။ နေထိုင်ခွင့်ကတ်အသစ်ထုတ်ပေးပါမည်။

နေထိုင်ခွင့်ကတ်ပြန်ထုတ်ပေးခြင်း

နေထိုင်ခွင့်ကတ်ကို ပျောက်ဆုံး သို့မဟုတ် အခိုးခံရပါက ရဲကို အကြောင်းကြားရပါမည်။ ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီတွင် ကတ်အသစ်ပြန်လည်ထုတ်ပေးပါရန် လျှောက်ရပါမည်။ ကတ်သည် ဆိုးရွားစွာ ပျက်စီးသွားပါက ပြန်ထုတ်ပေးရန် လျှောက်နိုင်ပါသည်။ (ဝန်ဆောင်ခ အခမဲ့)