နေထိုင်ခွင့်

နေထိုင်ခွင့်ကိစ္စကို နိုင်ငံခြားသားကိုယ်တိုင် လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီတွင် ဆောင်ရွက်ရပါမည်။ အသက် ၂၀နှစ်အောက်ရှိသူဖြစ်ပါက တရားဝင်ကိုယ်စားလှယ်သည် ကာယကံရှင်ကိုယ်စား လျှောက်နိုင်ပါသည်။ ထို့အပြင် ရှေ့နေများကိုလည်း အကူအညီတောင်းပြီး လျှောက်နိုင်ပါသည်။

💻နေထိုင်ခွင့်အမျိုးအစားအလိုက်ရှာရန် / လူဝင်မှုကြီးကြပ်ရေးနှင့်နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီ

ဤစာမျက်နှာတွင် နေထိုင်ခွင့်လျှောက်နည်းအပြင် လိုအပ်သောစာရွက်စာတမ်းများကို လေ့လာနိုင်ပါသည်။ လျှောက်လွှာ (ဂျပန်ဘာသာနှင့် အင်္ဂလိပ်ဘာသာ)ကိုလည်း Download လုပ်နိုင်ပါသည်။
အောက်ပါလင့်ကိုနှိပ်လျှင် ဂျပန်စာစာမျက်နှာကိုရောက်ပါမည်။ Screenအောက်တွင် ဘာသာစကား Panelကို တွေ့ပါလိမ့်မည်။ ထို့ Panelတွင် မြန်မာဘာသာကို ရွေးပါ။

လျှောက်လိုသည့်အကြောင်းကိစ္စကိုရှာရန်

ကလေးအတွက်နေထိုင်ခွင့်လျှောက်ခြင်း

ဂျပန်နိုင်ငံတွင်မွေးဖွားသည့် နိုင်ငံခြားသားသည် ရက်ပေါင်း ၆၀ကျော် ဂျပန်နိုင်ငံတွင် နေထိုင်သွားလိုပါက မွေးဖွားပြီး ရက် ၃၀အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီတွင် နေထိုင်ခွင့်ကို လျှောက်ရပါမည်။ (ဝန်ဆောင်ခ အခမဲ့)

နေထိုင်ခွင့်သက်တမ်းတိုးခြင်း

လက်ရှိနေထိုင်ခွင့်ကာလထက်ကျော်လွန်ပြီး ဂျပန်နိုင်ငံတွင် နေထိုင်လိုပါက နေထိုင်ခွင့်သက်တမ်းမကုန်မီ လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီတွင် သက်တမ်းတိုးလျှောက်ရပါမည်။ နေထိုင်ခွင့်ကာလ ၆လ ကျော်ရှိပါက သက်တမ်းမကုန်မီ ၃လအတွင်း သက်တမ်းတိုးလျှောက်နိုင်ပါသည်။ (ဝန်ဆောင်ခ ယန်း ၄၀၀၀)

နေထိုင်ခွင့်အမျိုးအစားပြောင်းခြင်း

အခြားနေထိုင်ခွင့်အမျိုးအစားဖြင့် နေထိုင်လိုပါက သက်တမ်းမကုန်မီ လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီတွင် နေထိုင်ခွင့်အမျိုးအစားပြောင်း လျှောက်ရပါမည်။ (ဝန်ဆောင်ခ ယန်း ၄၀၀၀)

နေထိုင်ခွင့်ပြင်ပလှုပ်ရှားခွင့်

အလုပ်လုပ်ကိုင်ခွင့်မရှိသည့် နေထိုင်ခွင့်ဖြင့် နေထိုင်သူသည် အလုပ်လုပ်မည်ဆိုလျှင် လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီတွင် နေထိုင်ခွင့်ပြင်ပလှုပ်ရှားခွင့်ကို ရယူရပါမည်။ ဥပမာ နေထိုင်ခွင့် “ကျောင်းသား” သို့မဟုတ် “မှီခို” ဖြစ်ပါက နေထိုင်ခွင့်ပြင်ပလှုပ်ရှားခွင့်ရရှိလျှင် တစ်ပတ်အတွင်း ၂၈နာရီ အချိန်ပိုင်းအလုပ် လုပ်နိုင်ပါသည်။ ဤခွင့်ပြုချက်မရှိပဲ လက်ရှိနေထိုင်ခွင့်တွင် ခွင့်မပြုထားသော အလုပ်ကိုလုပ်မိပါက ထို့ကဲ့သို့အလုပ်လုပ်ခြင်းသည် တရားမဝင်ပါ။

အထူးပြန်ဝင်ခွင့်ပြုခြင်း

သက်တမ်းရှိ ပတ်စပို့နှင့် နေထိုင်ခွင့်ကတ်ရှိသည့် နိုင်ငံခြားသားသည် ဂျပန်နိုင်ငံမှ ထွက်ခွာပြီး ၁နှစ်အတွင်း ပြန်ဝင်ခွင့်လျှောက်စရာမလိုပဲ ဂျပန်နိုင်ငံသို့ ပြန်ဝင်လာနိုင်ပါသည်။ ဤစနစ်ကို အထူးပြန်ဝင်ခွင့်ပြုခြင်းဟု ခေါ်သည်။ သို့သော်လည်း နိုင်ငံခြားတွင် သက်တမ်းတိုးမလျှောက်နိုင်သောကြောင့် ၁နှစ်အတွင်း ဂျပန်နိုင်ငံသို့ ပြန်လာရန် အစီအစဉ်မရှိပါက လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီတွင် ကြိုတင်ပြန်ဝင်ခွင့်လျှောက်ထား ရပါမည်။ ပြန်ဝင်ခွင့်၏ သက်တမ်းသည် အများဆုံး ၅နှစ်ဖြစ်ပါသည်။ တစ်ကြိမ်သာ ပြန်ဝင်ခွင့်ပေးသည့် ပြန်ဝင်ခွင့်နှင့် အကြိမ်ကြိမ်ပြန်ဝင်ခွင့်ပေးသည့် ပြန်ဝင်ခွင့်ရှိပါသည်။ (ဝန်ဆောင်ခ တစ်ကြိမ်သာ ယန်း ၃၀၀၀၊ အကြိမ်ကြိမ် ယန်း ၆၀၀၀)

အမြဲနေထိုင်ခွင့်

အမြဲနေထိုင်ခွင့်ရလျှင် နေထိုင်ခွင့်သည် “အမြဲနေထိုင်ခွင့်ရသူ“ ဖြစ်မည်။ နှစ်အကန့်အသတ်မရှိ ဂျပန်နိုင်ငံတွင် နေထိုင်နိုင်ပါသည်။ နေထိုင်ခွင့်အမျိုးအစားပြောင်းခြင်း၊ နေထိုင်ခွင့်သက်တမ်းတိုးခြင်း လျှောက်စရာမလိုပါ။ အမြဲနေထိုင်ခွင့်လျှောက်ရန် သတ်မှတ်ချက်များရှိသောကြောင့် အသေးစိတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီ၏ စာမျက်နှာ “အမြဲနေထိုင်ခွင့်လျှောက်ရန်”တွင် လေ့လာပြီးမှ လျှောက်ပါ။ (ဝန်ဆောင်ခ ယန်း ၈၀၀၀).

မိမိနှင့်သက်ဆိုင်သည့်ကျောင်း၊ ကုမ္ပဏီ၊ အိမ်ထောင်ဖက်ပြောင်းလဲမှုအကြောင်းကြားခြင်း

အလုပ်လုပ်ကိုင်ခွင့်ရှိနိုင်ငံခြားသား၊ နိုင်ငံခြားသားကျောင်းသား အလုပ်သင်အလုပ်သမားသည် အလုပ်လုပ်နေသည့် ကုမ္ပဏီ သို့မဟုတ် စာသင်ယူနေသည့်ကျောင်း အပြောင်းအလဲရှိလာသည့်အခါနှင့် ဂျပန်နိုင်ငံသား သို့မဟုတ် အမြဲနေထိုင်ခွင့်ရသူနှင့် လက်ထပ်ထား၍ နေထိုင်ခွင့်အိမ်ထောင်ဖက်ဖြင့် နေထိုင်နေသူသည် မိမိအိမ်ထောင်ဖက် သေဆုံးသည့်အခါ သို့မဟုတ် အိမ်ထောင်ရေးကွာရှင်းသည့်အခါ ၁၄ရက်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီထံသို့ အကြောင်းကြားရပါမည်။ နေထိုင်မှုစီမံခန့်ခွဲရေး အေဂျင်စီ e-Notification System ဖြင့် အွန်လိုင်းမှတစ်ဆင့် အကြောင်းကြားနိုင်ပါသည်။

💻e-Notification System / လူဝင်မှုကြီးကြပ်ရေးနှင့်နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီ

တရားရေးဝန်ကြီးထံ အွန်လိုင်းမှတစ်ဆင့် ဘာသာစကားမျိုးစုံဖြင့် အကြောင်းကြားနိုင်ပါသည်။

E-notification System (Japanese)

လျှောက်ထားရန်၊ စုံစမ်းရန်

💻အွန်လိုင်းမှတစ်ဆင့် နေထိုင်ခွင့်လျှောက်ရန် / လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီ

COE၊ နေထိုင်ခွင့်အသစ်၊ နေထိုင်ခွင့်အမျိုးအစားပြောင်း၊ နေထိုင်ခွင့်သက်တမ်းတိုးလျှောက်ရန်ကိစ္စကို အွန်လိုင်းမှ တစ်ဆင့် လျှောက်နိုင်ပါသည်။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။。

အွန်လိုင်းမှတစ်ဆင့် နေထိုင်ခွင့်လျှောက်ရန် (ဂျပန်ဘာသာ)

နေထိုင်ခွင့် အွန်လိုင်းလျှောက်ရန်စနစ် (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ)

ဂျပန်နိုင်ငံသားခံယူခြင်း

ဂျပန်နိုင်ငံသားခံယူခြင်းသည် မိခင်နိုင်ငံသားကို ဆုံးရှုံးပြီး ဂျပန်နိုင်ငံသားကို ခံယူခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံသားခံယူပါက နေထိုင်ခွင့်လျှောက်ရန်မလိုအပ်ပါ။ ဂျပန်နိုင်ငံသားအဖြစ် မိသားစုစာရင်းအသစ် ဖွင့်ပေးပါမည်။ ဂျပန်နိုင်ငံသားခံယူရန် သတ်မှတ်ချက်မျိုးစုံရှိသောကြောင့် အသေးစိတ်ကို တာခါမာဆုဥပဒေရုံးထံသို့ ဖုန်းဆက်သွယ်ပြီး တိုင်ပင်မှုအတွက် ရက်ချိန်းယူပါ။

ဂျပန်နိုင်ငံသားခံယူရန် တိုင်ပင်ဆွေးနွေးခြင်း