အလုပ်အကိုင်ဆိုင်ရာအာမခံ

လုပ်ငန်းခွင်မတော်တဆမှုအာမခံ

အလုပ်သမားတစ်ယောက်သည် အလုပ်ကြောင့် ဒဏ်ရာရ၊ နေမကောင်း၊ သေဆုံးသည့်အခါ ထိုအလုပ်သမားနှင့် မိသားစုကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်သည့် အာမခံဖြစ်ပါသည်။ အလုပ်ရှင်မှ အာမခံပရီမီယံကြေးအားလုံးကို အလုပ်သမားအတွက် ပေးသွင်းပါသည်။ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက နိုင်ငံခြားသားလည်း အကျုံးဝင်ပြီး အလုပ်ကြောင့် ဒဏ်ရာရ၊ နေမကောင်း၊ သေဆုံးသည့်အခါ သို့မဟုတ် ရုံးတက်ရုံးဆင်းတွင် မတော်တဆမှုနှင့်ကြုံသည့်အခါ အာမခံ လျော်ကြေးကို ခံစားရရှိနိုင်ပါသည်။ အလုပ်သမားစံချိန်စံညွှန်းကြီးကြပ်ရေးဌာနကို အကြောင်းကြားရပါမည်။ လုပ်ငန်းခွင်မတော်တဆမှုနှင့်အကျုံးဝင်မည်ဟု ယူဆပါက သက်ဆိုင်ရာ အလုပ်သမားစံချိန်စံညွှန်းကြီးကြပ်ရေး ဌာနသို့ လျှောက်ထားပါ။

💻နိုင်ငံခြားသားအလုပ်သမားများအတွက် လုပ်ငန်းခွင်မတော်တဆမှုအာမခံတောင်းဆိုရန် လမ်းညွှန်စာအုပ် / ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန

လုပ်ငန်းခွင်မတော်တဆမှုအာမခံ ခံစားခွင့်နှင့် အာမခံလျော်ကြေးတောင်းဆိုနည်းအကြောင်းကို ရှင်းပြထားသည်။

နိုင်ငံခြားသားအလုပ်သမားများအတွက် လုပ်ငန်းခွင်မတော်တဆမှုအာမခံတောင်းဆိုရန် လမ်းညွှန်စာအုပ်

အလုပ်အာမခံ

အလုပ်သမားတစ်ယောက်သည် အလုပ်လက်မဲ့ဖြစ်သည့်အခါ အလုပ်သစ်ကို စိတ်ချလက်ချရှာနိုင်ရန် သတ်မှတ်ကာလအတွင်း အလုပ်လက်မဲ့ထောက်ပံ့ကြေးကို ခံစားခွင့်ရနိုင်သည့်စနစ်ဖြစ်ပါသည်။ အာမခံ ပရီမီယံကြေးကို အလုပ်ရှင်နှင့် အလုပ်သမားတို့သည် ထက်ဝက်စီ ပေးသွင်းပါသည်။
အလုပ်လက်မဲ့ထောက်ပံ့ကြေးခံစားနိုင်ရန်အတွက် အလုပ်မှနှုတ်မထွက်မီ ၂ နှစ်အတွင်း အာမခံဝင်ထားသည့် ကာလ ၁၂လကျော်ရှိရမည်။ အလုပ်လက်မဲ့ထောက်ပံ့ကြေး ခံစားနိုင်မည့်ကာလနှင့် ထောက်ပံ့ကြေးပမာဏကို အာမခံ ဝင်ထားသည့်ကာလ၊ လုပ်အားခပမာဏ၊ အသက်၊ အလုပ်နှုတ်ထွက်သည့်အကြောင်းအရင်းပေါ်မူတည်၍ ဆုံးဖြတ်ပါသည်။
အလုပ်အာမခံကြောင်းကို သက်ဆိုင်ရာ Hello Workထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

④Hello Workများ

တိုင်ပင်ဆွေးနွေးမှုကောင်တာ

⑤အလုပ်သမားစံချိန်စံညွှန်းကြီးကြပ်ရေးရုံးများ

🏢နိုင်ငံခြားသားအလုပ်သမားများတိုင်ပင်ဆွေးနွေးမှုကောင်တာ

ကာဂါဝါခရိုင်တွင်နေထိုင်သည့်နိုင်ငံခြားသားများ၏ အလုပ်အကိုင်နှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

လိပ်စာ:
〒760-8570 Kagawa ခရိုင် Takamatsuမြို့ Bancho 4-1-10
ဖုန်း:
087-832-3400
E-Mail:
rosei@pref.kagawa.lg.jp
ရုံးချိန်:
ကြားရက် 8:30- 17:15

📞လုပ်ငန်းခွင်အခြေအနေတိုင်ပင်ဆွေးနွေးရေးဟော့လိုင်း / ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန

အလုပ်သမားစံချိန်စံညွှန်းဥပဒေများနှင့်သက်ဆိုင်မည့် တရားမဝင်အချိန်ပိုလုပ်ကိုင်စေခြင်း၊ အလုပ်များလွန်၍ နေမကောင်းဖြစ်ခြင်း၊ လုပ်အားခမပေးခြင်းစသည့် ပြဿနာကို တိုင်ပင်ဆွေးနွေးပေးသည့်အပြင် သက်ဆိုင်ရာ ဌာနများကိုလည်း မိတ်ဆက်ပေးနေသည်။ မြန်မာဘာသာဖြင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ တိုင်ပင်ဆွေးနွေး ပေးနိုင်မည့် အချိန်နှင့် ဖုန်းနံပါတ်သည် နိုင်ငံခြားဘာသာအလိုက် မတူညီသောကြောင့် ဝက်ဘ်ဆိုက်တွင် လေ့လာပါ။ (အောက်ဆုံးအထိ Scroll လုပ်လျှင် ဘာသာစကားမျိုးစုံဖြင့် ရှင်းပြပေးထားသည်။)

လုပ်ငန်းခွင်အခြေအနေတိုင်ပင်ဆွေးနွေးရေးဟော့လိုင်း

📞နိုင်ငံခြားသားအလုပ်သမားများအတွက် ဆွေးနွေးတိုင်ပင်ရန်ဌာန / ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန

အလုပ်အကိုင်အခြေအနေဆိုင်ရာပြဿနာများနှင့်ပတ်သက်၍ ဥပဒေအကြောင်းကို ရှင်းပြပေးသည့်အပြင် သက်ဆိုင်ရာ ဌာနများကိုလည်း မိတ်ဆက်ပေးနေသည်။ မြန်မာဘာသာဖြင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
တိုင်ပင်ဆွေးနွေးပေးနိုင်မည့် အချိန်နှင့် ဖုန်းနံပါတ်သည် နိုင်ငံခြားဘာသာအလိုက် မတူညီသောကြောင့် ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

နိုင်ငံခြားသားအလုပ်သမားများအတွက် ဆွေးနွေးတိုင်ပင်ရန်ဌာန