အလုပ်ရှာရန်။

အလုပ်နှင့်နေထိုင်ခွင့်

နေထိုင်ခွင့်များတွင် အလုပ်အကန့်အသတ်မရှိသည့် နေထိုင်ခွင့်နှင့် အကန့်အသတ်ရှိသည့် နေထိုင်ခွင့်ရှိသည်။ မည်သည့်အလုပ်မဆို အလုပ်လုပ်နိုင်သည့် နေထိုင်ခွင့်သည် “ဂျပန်နိုင်ငံသား၏ အိမ်ထောင်ဖက် သို့မဟုတ် ကလေး”၊ ”ကာလရှည်နေထိုင်ခွင့်ရှိသူ”၊ “အမြဲတမ်းနေထိုင်ခွင့်ရှိသူ”၊ “အမြဲတမ်းနေထိုင်ခွင့်ရှိသူ၏ အိမ်ထောင်ဖက် သို့မဟုတ် ကလေး”ဖြစ်ပါသည်။ အခြားနေထိုင်ခွင့်အမျိုးအစားရှိသူများသည် နေထိုင်ခွင့်အလိုက် ခွင့်ပြုထားသော အလုပ်အမျိုးအစားမှလွဲ၍ အခြားအလုပ်လုပ်မည်ဆိုလျှင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ကြိုတင်ခွင့်ပြုချက်ကို ရယူထားရပါမည်။ တရားမဝင်အလုပ်လုပ်ပါက ပြည်နှင်ဒဏ်ပေးခံရနိုင်သည်။ ထို့အပြင် ဂျပန်နိုင်ငံသို့ ချက်ချင်းပြန်ဝင်နိုင်မည် မဟုတ်ပါ။

အလုပ်အကိုင်ရှာနည်း

Hello Workသည် အစိုးရအလုပ်အကိုင်ရှာဖွေရေးဌာနဖြစ်ပြီး အလုပ်အကိုင်အကြောင်းကို အခမဲ့ တိုင်ပင်ဆွေးနွေး နိုင်သည့်အပြင် အလုပ်အကိုင်မိတ်ဆက်ပေးနေပါသည်။ Hello Workရုံးများသည် ကွန်ပျူတာအွန်လိုင်းစနစ်ဖြင့် ချိတ်ဆက်ထားသောကြောင့် တစ်နိုင်ငံလုံးရှိ အလုပ်ခေါ်စာများကို လေ့လာနိုင်ပါသည်။ အချိန်ပိုင်း အလုပ်အကြောင်းကိုလည်း တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ အလုပ်ရှာရန် စာရင်းသွင်းသည့်အခါ နေထိုင်ခွင့်နှင့် နေထိုင်ခွင့်ကာလကိုလည်း မေးမြန်းသောကြောင့် နေထိုင်ခွင့်ကတ်နှင့် နိုင်ငံကူးလက်မှတ်ကိုလည်း ကိုင်ဆောင်သွားပါ။
ဂျပန်ဘာသာ သိပ်မကျွမ်းကျင်ပါက ဖုန်းဖြင့်ဘာသာပြန်ပေးမည့် ဝန်ဆောင်မှုကို အကူအညီတောင်းပြီး တိုင်ပင် ဆွေးနွေးနိုင်သောကြောင့် Hello Workထံသို့ စုံစမ်းမေးမြန်းပါ။

④Hello Work များ

အလုပ်အကိုင်စည်းမျဥ်း

အလုပ်ရှင်သည် အလုပ်သမားအား လုပ်အားခ၊ အလုပ်ချိန် အစရှိသော အလုပ်အကိုင်အခြေအနေကို စာဖြင့် ဖော်ပြ ရပါမည်။ နှုတ်ကတိဖြစ်လျှင် နောင်တွင်ပြဿနာဖြစ်သွားနိုင်သောကြောင့် အလုပ်ဝင်မလုပ်မီ အတတ်နိုင်ဆုံး စာချုပ်တွင် အလုပ်အကိုင်အခြေအနေကို အသေးစိတ်သတ်မှတ်ချုပ်ဆိုထားပါ။
အလုပ်အကိုင်အခြေအနေတွင် အလုပ်ခန့်ကာလ၊ အလုပ်နေရာ၊ အလုပ်တာဝန်၊ အလုပ်ချိန်၊ အလုပ်နားချိန်၊ အလုပ်ပိတ်ရက်၊ လုပ်သက်ခွင့်၊ လုပ်အားခစသည့်အချက်များ ပါဝင်မည်။
ကုမ္ပဏီတွင် လုပ်ငန်းခွင်စည်းမျဥ်းရှိပါက အသေးစိတ်လေ့လာပါ။

💻စံပြလုပ်ငန်းခွင်စည်းမျဥ်း (အင်္ဂလိပ်)

စံပြလုပ်ငန်းခွင်စည်းမျဥ်း (အင်္ဂလိပ်)

💻အလုပ်သမားစည်းမျဥ်းစည်းကမ်းလက်စွဲစာအုပ်

အလုပ်သမားစည်းမျဥ်းစည်းကမ်းလက်စွဲစာအုပ်

💻နိုင်ငံခြားသားအလုပ်သမားအတွက် စံပြအလုပ်သတ်မှတ်ချက်အကြောင်းကြားစာ

နိုင်ငံခြားသားအလုပ်သမားအတွက် စံပြအလုပ်သတ်မှတ်ချက်အကြောင်းကြားစာ