သဘာဝဘေးအန္တရာယ်များ

ဂျပန်နိုင်ငံသည် ငလျင်နိုင်ငံဖြစ်ပါသည်။ ရှိခိုခုကျွန်းတောင်ဘက်ရှိ Nankai Trough ကြောင့် လာမည်နှစ် ၃၀ အတွင်း ငလျင်ကြီးကြီးမားမားဖြစ်ပွားနိုင်ခြေသည် ၇၀%ရှိနိုင်ပါသည်။ အကယ်၍ ငလျင်လှုပ်ခတ်ပါက ရှိခိုခုကျွန်း၏ အရှေ့မြောက်ဘက်ရှိ ကာဂါဝါခရိုင်တွင်လည်း ပျက်စီးမှုအကြီးအကျယ်ဖြစ်သွားနိုင်ပါသည်။ ငလျင်အပြင်၊ တိုင်ဖွန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးမှုများရှိနိုင်ပါသည်။ သဘာဝဘေးအန္တရာယ် မဖြစ်မီကတည်းက ကြိုတင်ပြင်ဆင်ထားရန် အရေးကြီးပါသည်။

📖”သဘာဝဘေးအန္တရာယ်လမ်းညွှန်” /ကာဂါဝါခရိုင် နိုင်ငံတကာရေးရာဌာန

သဘာဝဘေးအန္တရာယ်အကြောင်း၊ ကြိုတင်ပြင်ဆင်ထားသင့်သည့်အရာ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့် အခါ ဖြေရှင်းဆောင်ရွက်နည်းစသည့်အကြောင်းကို ရှင်းပြထားသည့် စာအုပ်ဖြစ်ပါသည်။ I-PAL Kagawaတွင်လည်း ပေးဝေနေပါသည်။ နိုင်ငံတကာရေးရာဌာန၏ ဝက်ဘ်ဆိုက်တွင် Download လုပ်နိုင်ပါသည်။

ကာဂါဝါခရိုင်တွင်နေထိုင်သည့်နိုင်ငံခြားသားများအတွက် သဘာဝဘေးအန္တရာယ်လမ်းညွှန်

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက လူဝင်မှုကြီးကြပ်ရေးနှင့်နေထိုင်မှုစီမံခန့်ခွဲရေးဌာန၏ “နေထိုင်မှုဘဝနှင့်လုပ်ငန်းခွင်ဆိုင်ရာလမ်းညွှန်စာအုပ်” “အခန်း ၁၀ အရေးပေါ်နှင့်သဘာဝဘေးအန္တရာယ်”တွင် လေ့လာနိုင်ပါသည်။