အိမ်တွင်းအကြမ်းဖက်မှု

အိမ်ထောင်ဖက် သို့မဟုတ် ချစ်သူမှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက် နှိပ်စက်မှု ခံရခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေရှိပါက ယာယီအကာအကွယ်ပေးနိုင်သည့်ဂေဟာလည်းရှိပါသည်။ အကြမ်းဖက် နှိပ်စက်မှုခံရသူ သို့မဟုတ် မိသားစုဝင်တို့က အိမ်ထောင်ဖက်၏ အကြမ်းဖက်မှု သို့မဟုတ် ခြိမ်းခြောက်မှုကြောင့် ကိုယ်ထိလက်ရောက်ထိခိုက်နိုင်ခြေရှိပါက ဒေသတရားရုံအား စာဖြင့် လျှောက်ထားလျှင် အနီးကပ်ရန်တားမြစ်အမိန့်၊ ဖုန်းခေါ်ဆိုရန်တားမြစ်အမိန့်ကို ထုတ်ပြန်ပေးပါသည်။ အကြမ်းဖက်နှိပ်စက်ခံရပါက သက်ဆိုင်ရာရဲစခန်း သို့မဟုတ် လက်ရှိနေထိုင်နေသည့်မြို့နယ်၏
လူမှုဖူလုံရေးရုံး၊ အမျိုးသမီးတိုင်ပင်ဆွေးနွေးမှုစင်တာကို ဆက်သွယ်ကူညီတောင်းပါ။

②ရဲစခန်းများ

⑦အမျိုးသမီးတိုင်ပင်ဆွေးနွေးမှုစင်တာများ

💻အိမ်ထောင်ဖက်မှအကြမ်းဖက်ခံရသူအားကူညီစောင့်ရှောက်ပေးခြင်းဆိုင်ရာအချက်အလက်များ /အစိုးရအဖွဲ့ရုံး ကျားမတန်းတူညီမျှရေးဌာန

အိမ်ထောင်ဖက်မှ အကြမ်းဖက်ခံရခြင်းနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနေသည့်ဌာနများနှင့် တိုပ်ပင်ဆွေးနွေးနိုင်သည့် ဌာနများကို ရှင်းပြထားပါသည်။

အိမ်ထောင်ဖက်မှအကြမ်းဖက်ခံရသူအားကူညီစောင့်ရှောက်ပေးခြင်းဆိုင်ရာအချက်အလက်များ