အရေးပေါ်အခြေအနေ ဖုန်းဆက်အကြောင်းကြားခြင်း

မီးလောင်မှု

မီးလောင်မှုဖြစ်ပေါ်လာပါက ဖုန်းနံပါတ် ၁၁၉ကို ဖုန်းဆက်ပြီး မီးသတ်ကားကို ခေါ်ရပါမည်။ မီးလောင်နေသည့် နေရာ၏လိပ်စာနှင့် သင့်အမည်ကို အကြောင်းကြားပါ။

လူနာတင်ယာဉ်

ရုတ်တရက် ရောဂါလက္ခဏာပြခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရပါက ၁၁၉ကို ဖုန်းဆက်ပြီး လူနာတင်ယာဉ်ကို ခေါ်နိုင်ပါသည်။ သင် လက်ရှိရှိနေသည့်နေရာ၏လိပ်စာ၊ သင့်အမည်၊ ထိခိုက်ဒဏ်ရာရနှင့် ရောဂါဝေဒနာ အခြေအနေကို ရှင်းပြပါ။

※ အချို့မြို့နယ်တွင် အချို့နိုင်ငံခြားဘာသာများဖြင့် ၁၁၉ကို ဖုန်းခေါ်ဆိုနိုင်ပါသည်။

ယာဉ်မတော်တဆမှုနှင့်မှုခင်း

ယာဉ်မတော်တဆမှု သို့မဟုတ် မှုခင်းဖြစ်ပွားလာပါက ၁၁၀ကို ဖုန်းဆက်ပြီး ရဲခေါ်ရပါမည်။ ဘယ်အချိန်၊ ဘယ်နေရာတွင် ဘာဖြစ်ခဲ့သလဲ၊ သင့်အမည်ကို ရှင်းပါ။
※ အချို့နိုင်ငံခြားဘာသာများဖြင့် ၁၁၀ကို ဖုန်းခေါ်ဆိုနိုင်ပါသည်။

နိုင်ငံခြားဘာသာဖြင့် ခေါ်ဆိုနိုင်သည့်အချိန်နှင့် ဘာသာစကား:
၂၄နာရီ :
အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယား၊ စပိန်၊ ပေါ်တူဂီဘာသာ
ကြားရက် 8:30-18:00 :
ဗီယက်နမ်ဘာသာ

📖”နိုင်ငံခြားသားများအတွက်လမ်းညွှန်” / ကာဂါဝါခရိုင်ရဲဌာန

၁၁၀ဖုန်းဆက်နည်း၊ အန္တရာယ်ကင်းရှင်းစွာ စက်ဘီးစီးနည်း၊ ရာဇဝတ်မှုမှ ကာကွယ်နည်း၊ ရာဇဝတ်မှုတစ်ခု၏ သားကောင်၊ ယာဉ်တိုက်မှုတွင် ပါဝင်ပတ်သက်လာပါက ဖြေရှင်းဆောင်ရွက်ရမည့်အချက်များကို ရှင်းပြထားပါသည်။

နိုင်ငံခြားသားများအတွက် လမ်းညွှန်

ရာဇဝတ်မှုသားကောင်အတွက် လမ်းညွှန်

📖”ယာဉ်စည်းကမ်းလမ်းစည်းကမ်း (နိုင်ငံခြားဘာသာ)”(အခပေး)/JAF

JAF (ဂျပန်မော်တော်ယာဉ်အသင်းချုပ်)သည် နိုင်ငံခြားဘာသာများ (အင်္ဂလိပ်၊ တရုတ်၊ ပေါ်တူဂီနှင့် စပိန်ဘာသာ) ဖြင့်ရှင်းပြထားသော “ယာဉ်စည်းကမ်းလမ်းစည်းကမ်း”ကို ရောင်းချနေသည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်း (ဂျပန်ဘာသာ)