www.i-pal.or.jp/house/about.html" />

အိမ်

ဂျပန်နိုင်ငံမှာ ကိုယ်ပိုင်အိမ်၊ တိုက်ခန်းအပြင် (ပုဂ္ဂလိကပိုင်အိမ်၊ တိုက်ခန်း၊ အစိုးရအငှားအိမ်ရာ) ကဲ့သို့ အိမ်ကိုငှား၍ နေထိုင်နိုင်ပါသည်။ အစိုးရအငှားအိမ်ရာသည် ခရိုင်နှင့် မြို့နယ်အစိုးရတို့မှ စီးပွားရေးအဆင်မပြေမှုစသည့် အကြောင်းအမျိုးမျိုးကြောင့် နေစရာအခက်အခဲရှိသူများအတွက် ဈေးနှုန်းချိုသာစွာ အိမ်ကိုငှားပေးသည့် အစီအစဥ်ဖြစ်ပါသည်။ သို့သော်လည်း ဤအစီအစဥ်တွင် သတ်မှတ်ချက်များရှိပါသည်။ ဤသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသာ အိမ်ကိုငှားရမ်းနေထိုင်နိုင်ပါသည်။ အသေးစိတ်ကို ခရိုင်အစိုးရ သို့မဟုတ် မြို့နယ်အစိုးရ၏ သက်ဆိုင်ရာဌာနထံသို့ စုံစမ်းမေးမြန်းပါ။
ပုဂ္ဂလိကပိုင်အိမ်၊ တိုက်ခန်းကို ဝယ်မည် သို့မဟုတ် ငှားမည်ဆိုလျှင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတွင် မိမိလိုချင်သော အခြေအနေကို ရှင်းပြပြီး မိတ်ဆက်ခိုင်းလိုက်ပါ။ နေချင်သည့်အိမ်၊ တိုက်ခန်းတွေ့လျှင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ရပါမည်။ ပုံမှန်အားဖြင့် အိမ်ငှားစာချုပ်သက်တမ်းသည် ၂နှစ် ဖြစ်ပါသည်။ အိမ်ပြန်အပ်မယ်ဆိုလျှင် စာချုပ်တွင် ဖော်ပြထားသော “စာချုပ်ပယ်ဖျက်ကြောင်း အသိပေးရမည့်ရက်” မတိုင်မီ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကို အသိပေးရပါမည်။

📖အခန်းရှာရန်လမ်းညွှန် (ဂျပန်နိုင်ငံတွင် အခန်းရှာနေသည့် နိုင်ငံခြားသားများအတွက်) /မြေယာ၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန

အခန်းရှာရန်လမ်းညွှန်