အိမ်ပြောင်းသည့်အခါဆောင်ရွက်ရမည့်ကိစ္စများ

လိပ်စာပြောင်းအကြောင်းကြားရန်

မြို့နယ်အတွင်းဖြစ်စေ၊ အခြားမြို့နယ်သို့ဖြစ်စေ အိပ်ပြောင်းရွှေ့မည်ဆိုလျှင် အိမ်ပြောင်းရွှေ့ပြီး ၁၄ရက်အတွင်း မြို့နယ်ရုံးရှိ နေထိုင်သူရေးရာဌာနသို့ အိမ်ပြောင်းရွှေ့ကြောင်း အကြောင်းကြားရပါမည်။ ထို့အခါ မိသားစုဝင်အားလုံး၏ နေထိုင်ခွင့်ကတ်ကို ယူဆောင်သွားပါ။ အခြားမြို့နယ်သို့ အိမ်ပြောင်းရွှေ့ထွက်ခွာသွားမည် ဆိုလျှင် အိမ်ပြောင်းရွှေ့ထွက်ခွာကြောင်းထောက်ခံစာ လိုအပ်သောကြောင့် အိမ်မပြောင်းမီ အကြောင်းကြားရပါမည်။

⑩မြို့နယ်အစိုးရနေထိုင်သူရေးရာဌာနများ

အမျိုးသားကျန်းမာရေးအာမခံ

အသက် ၇၅နှစ်အောက်ရှိသော အခြားပြည်သူ့ကျန်းမာရေးအာမခံ ဝင်ထားခြင်းမရှိသူသည် ပထမဦးဆုံး နေထိုင်သူအဖြစ် မြို့နယ်ရုံးသို့ အကြောင်းကြားသည့်အခါနှင့် အခြားမြို့နယ်မှ အိမ်ပြောင်းရွှေ့လာသည့်အခါ မြို့နယ်ရုံးတွင် ၁၄ရက်အတွင်း အာမခံဝင်ရန် လျှောက်ရပါမည်။ အိမ်ပြောင်းရွှေ့ထွက်ခွာသွားမည်ဆိုလျှင် အိမ်ပြောင်းရွှေ့ထွက်ခွာကြောင်း အကြောင်းကြားသည့်အခါတွင် ကျန်းမာရေးအာမခံဝင်အဖြစ် စာရင်းဖျက်ပြီး ကျန်းမာရေးအာမခံကတ်ကို ပြန်အပ်ရပါမည်။

အမျိုးသားပင်စင်

အသက် ၂၀ကျော် ၆၀အောက်ရှိသော အလုပ်သမားပင်စင် မဝင်ထားသူသည် ပထမဦးဆုံး နေထိုင်သူအဖြစ် မြို့နယ်ရုံးသို့ အကြောင်းကြားသည့်အခါနှင့် အခြားမြို့နယ်မှ အိမ်ပြောင်းရွှေ့လာသည့်အခါ မြို့နယ်ရုံးတွင် ၁၄ရက် အတွင်း ပင်စင်ဝင်ရန် လျှောက်ရပါမည်။

ရေပေးဝေရေး

ရေပေးဝေရေးစနစ် စတင်အသုံးပြုလိုသည့်အခါ သို့မဟုတ် အသုံးပြုမှုကိုရပ်မည့်အခါ ကာဂါဝါခရိုင် ရေပေးဝေရေးအာဏာပိုင်၏ သက်ဆိုင်ရာဒေသရုံးခွဲသို့ အကြောင်းကြားပါ။ နာအိုရှီမကျွန်းတွင် နေထိုင်သူဖြစ်ပါက နာအိုရှီမာမြို့နယ်ရေပေးဝေရေးဌာ(ဖုန်း:087-892-2225)ကို အကြောင်းကြားပါ။

◎ကာဂါဝါခရိုင်ရေပေးဝေရေးအာဏာပိုင် ဖုန်းနံပါတ်များ

အစိုးရ မူလတန်းကျောင်း အလယ်တန်းကျောင်း

အိမ်ပြောင်းရွှေ့ခြင်းကြောင့် သင့်ကလေးသွားတက်ရမည့်ကျောင်း ပြောင်းရပါက ကျောင်းပြောင်းခြင်းကို လျှောက်ရပါမည်။ အသေးစိတ်ကို မြို့နယ်ရှိ ပညာရေးကော်မတီထံသို့ စုံစမ်းမေးမြန်းပါ။

⑪ပညာရေးကော်မတီ မသင်မနေရပညာရေးဌာနများ

ယာဉ်မောင်းလိုင်စင်

မိမိနေထိုင်နေသည့်လိပ်စာနှင့် သက်ဆိုင်သောရဲစခန်း(ယာဉ်မောင်းလိုင်စင်ဌာန) သို့မဟုတ် ယာဉ်မောင်းလိုင်စင်စင်တာသို့ လိပ်စာပြောင်းကြောင်း အကြောင်းကြားရပါမည်။

②ရဲစခန်းများ

③ယာဉ်မောင်းလိုင်စင်စင်တာများ

လျှပ်စစ်

အိမ်ခြံမြေအကျိုးဆောင် သို့မဟုတ် အိမ်ပိုင်ရှင်အား ဆက်သွယ်ကူညီတောင်းပြီး လျှပ်စစ်ကုမ္ပဏီအား အကြောင်းကြားပါ။ အိမ်ငှားဖြစ်ပါက အိမ်ခြံမြေအကျိုးဆောင် သို့မဟုတ် အိမ်ပိုင်ရှင်သည် ကူညီဆောင်ရွက်ပေးပါလိမ့်မည်။

◎လျှပ်စစ်ကုမ္ပဏီဖုန်းနံပါတ်များ

ဂတ်စ်

အိမ်ခြံမြေအကျိုးဆောင် သို့မဟုတ် အိမ်ပိုင်ရှင်အား ဆက်သွယ်ကူညီတောင်းပြီး ဂတ်စ်ကုမ္ပဏီအား အကြောင်းကြားပါ။ စီးတီးဂတ်စ်ဖြစ်ပါက သက်ဆိုင်ရာ ဂတ်စ်ကုမ္ပဏီ၏ ရုံးခွဲ၊ ပရိုပိန်းဂတ်စ်ဖြစ်ပါက ဂတ်စ်ဗူးတွင်ရှိ ဖုန်းနံပါတ်ကို ဖုန်းဆက်ပါ။ အိမ်ငှားဖြစ်ပါက အိမ်ခြံမြေအကျိုးဆောင် သို့မဟုတ် အိမ်ပိုင်ရှင်သည် ကူညီဆောင်ရွက်ပေးပါလိမ့်မည်။

◎ဂတ်စ်ကုမ္ပဏီဖုန်းနံပါတ်များ