နေစဥ်ဘဝ

အမှိုက်

အမှိုက်အမျိုးအစားခွဲနည်း၊ သိမ်းဆည်းမည့်အချိန်၊ သိမ်းဆည်းမည့်နေရာကို ဒေသအလိုက်သတ်မှတ်ထားပါသည်။ စည်းကမ်းကိုလိုက်နာပြီး အတိအကျအမျိုးအစားခွဲပြီး သတ်မှတ်ထားသည့်ရက်၊ သတ်မှတ်ထားသည်အချိန်တွင် အမှိုက်ကို စွန့်ပစ်ပါ။ အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာစည်းကမ်းကို မြို့နယ်ရုံးထံသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
အိမ်သုံးလျှပ်စစ်ပစ္စည်းအချို့သည် Recycle ခ ပေးဆောင်ပြီး သိမ်းဆည်းခိုင်းရမည့် လျှပ်စစ်ပစ္စည်းလည်း ရှိပါသည်။ Air-Con၊ တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တို့ ဖြစ်ပါသည်။ အသေးစိတ်ကို အိမ်သုံးလျှပ်စစ်ပစ္စည်း ဝယ်ယူသည့်ဆိုင်၊ အသစ်ဝယ်မည့်ဆိုင် သို့မဟုတ် မြို့နယ်ရုံးထံသို့ စုံစမ်းမေးမြန်းပါ။

【ကြိုတင်လေ့လာသင့်သည့်အချက်များ】

  • အမှိုက်စွန့်ပစ်မည့်နေရာ
  • မမီးရှို့လို့ရသောအမှိုက်၊ မီးရှို့လို့မရသောအမှိုက် အမျိုးအစားခွဲနည်း
  • ပြန်လည်းအသုံးပြုနိုင်သောစွန့်ပစ်ပစ္စည်း (ပုလင်း၊ သံဘူး၊ PET ဘူး၊ သတင်းစာ) အမျိုးအစားခွဲနည်း
  • အမှိုက်အမျိုးအစားအလိုက် စွန့်ပစ်နိုင်သောနေ့နှင့်အချိန်
  • အကြီးစားအမှိုက် စွန့်ပစ်နည်း
  • သတ်မှတ်ထားသောအမှိုက်အိတ်ရှိမရှိ

လျှပ်စစ်၊ ရေ၊ ဂတ်စ်

ပေးပို့လာမည့် ငွေတောင်းခံလွှာတွင် ဖော်ပြထားသော ငွေပမာဏကို သတ်မှတ်ရက်မတိုင်မီ ဘဏ်၊ စာတိုက်၊ Convenience Storeတွင် ပေးဆောင်ရပါမည်။ ဘဏ်အကောင့်၏ အလိုအလျောက်ငွေပေးချေမှုစနစ်ဖြင့် ပေးဆောင်နိုင်သည်။

ရပ်ကွက်နေထိုင်သူအသင်း

ရပ်ကွက်နေထိုင်သူအသင်းသည် မိမိရပ်ကွက်နှင့် ရပ်ကွက်တွင်နေထိုင်သူများအတွက် လုပ်ငန်းအမျိုးမျိုးကို ဆောင်ရွက်ပေးနေပါသည်။ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဘေးပတ်ဝန်းကျင်တွင် နေထိုင်သူများနှင့် ဆက်ဆံမှုရှိရန် အရေးကြီးပါသည်။ ပါဝင်လှုပ်ရှားကြည့်ပါ။ ရပ်ကွက်နေထိုင်သူအသင်းဝင် ဖြစ်လျှင် လစဥ် ရပ်ကွက်နေထိုင်သူအသင်းကြေး ပေးဆောင်ရပါမည်။ ကောက်ခံသည့်ငွေကို ရပ်ကွက်အတွက် အသုံးပြုနေပါသည်။

【ရပ်ကွက်နေထိုင်သူအသင်း၏လုပ်ငန်း ဥပမာ】

  • ပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်း
    ရပ်ကွက်သန့်ရှင်းရေး၊ အမှိုက်ပုံ စီမံခန့်ခွဲရေး
  • အန္တရာယ်ကင်းရှင်းရေးလုပ်ငန်း
    ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းစသည့် ဘေးအန္တရာယ်ကာကွယ်ရေးအစီအစဉ်များ
  • အဖွဲ့အစည်းအမျိုးမျိုးကို ပံ့ပိုးကူညီခြင်း
    သက်ကြီးရွယ်အိုများအသင်း၊ ကလေးများအသင်းတို့ကို ပံ့ပိုးကူညီခြင်း

စာတိုက်

စာတိုက်တွင် စာပို့လုပ်ငန်းဆောင်ရွက်ပေးနေပါသည်။ စာတိုက်အများစုသည် ကြားရက် ၉း၀၀ မှ ၁၇း၀၀ အထိသာ ရုံးဖွင့်ပါသည်။ သို့သော်လည်း “Yu Yu Madoguchi”ရှိသော စာတိုက်နှင့် အကြီးစား ရှော့ပင်းစင်တာတွင်ရှိ စာတိုက်များသည် ကြားရက်ညဘက်၊ စနေနေ့ ၊ တနင်္ဂနွေနေ့၊ အနီရက်တွင်လည်း ဖွင့်နေသည့်အချိန်လည်းရှိသည်။ စာတိုက်အလိုက်ရုံးချိန်မတူညီသောကြောင့် စာတိုက်ထံသို့ စုံစမ်းမေးမြန်းပါ။

🏢စနေ့၊ တနင်္ဂနွေ၊ အနီရက်၊ ညဘက်ဖွင့်နေသည့်စာတိုက်များ:Takamatsu Chuo၊ Takamatsu Minami၊ Takamatsu Higashi၊ Marugame၊ Sakaide၊ Zentsuji၊ Kannonji၊ Nagao၊ Kotohira၊ Tonosho၊ Fuji Grand Marugame ရုံးခွဲ၊ Yume Town Takamatsu ရုံးခွဲ၊ Aeon Mall Ayakawa ရုံးခွဲ

မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက်

ဖုန်းအသုံးပြုခနှင့် အင်တာနက်အသုံးပြုခသည် ကုမ္ပဏီတစ်ခုနှင့်တစ်ခု မတူညီသောကြောင့် နှိုင်းယှဥ်ကြည့်ပြီးမှ စာချုပ်ချုပ်ပါ။ အိမ်ပြောင်းရွှေ့သည့်အခါ အဆင်မပြေမှုရှိပါက စာချုပ်ချုပ်ထားသည့်ကုမ္ပဏီထံသို့ ဆက်သွယ်စုံစမ်းပါ။

NHKရုပ်သံလိုင်း

NHKရုပ်သံလိုင်းအစီအစဉ်များကို ကြည့်ရှုနိုင်သော တီဗီကိုသုံးနေလျှင် ဥပဒေအရ NHKနှင့် စာချုပ်ချုပ်ရပြီး ရုံသံလိုင်းခ ပေးဆောင်ရပါမည်။ အသေးစိတ်ကို NHKထံသို့ စုံစမ်းမေးမြန်းပါ။

အခြား နေစဥ်ဘဝနှင့်ပတ်သက်သောအကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးအေဂျင်စီ၏ “နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ်” “အခန်း ၁၂ ဂျပန်နိုင်ငံတွင် နေထိုင်ခြင်း”တွင် လေ့လာနိုင်ပါသည်။