ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးထောက်ပံ့ကြေး

နေထိုင်မှုအကြောင်းကြားထားသူအတွက် ကလေးမွေးလျှင် မြို့နယ်အစိုးရမှ “ကလေးထောက်ပံ့ကြေး” ထောက်ပံ့ ပေးပါသည်။ အလယ်တန်းကျောင်းအောင်သည့်အချိန်အထိ အုပ်ထိန်းသူကို ထောက်ပံ့ပေးသော်လည်း ဝင်ငွေ သတ်မှတ်ချက် ရှိပါသည်။ အသေးစိတ်ကို မြို့နယ်ရုံး၏ ကလေးပြုစုစောင့်ရှောက်ရေးဌာနထံသို့ စုံစမ်းမေးမြန်းပါ။

💻ကလေးထောက်ပံ့ကြေးဆိုင်ရာအခြေခံအချက်အလက်များ / ဒေသန္တရအစိုးရနိုင်ငံတကာဆက်ဆံရေးကူညီထောက်ပံ့မှုအဖွဲ့

“ကလေးထောက်ပံ့ကြေး”လျှောက်ခြင်း (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ)

မူကြိုကျောင်းထားခြင်း

ကလေးထိန်းကျောင်းသည် မိဘသည် အလုပ်လုပ်သောကြောင့် သို့မဟုတ် ရောဂါခံစားနေရသောကြောင့် အိမ်တွင် ကလေးမထိန်းနိုင်သော မိဘကိုယ်စား ကျောင်းမတက်မီ ကလေးငယ်ကို ထိန်းပေးသည့် ကျောင်းဖြစ်ပါသည်။ အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းရှိပြီး ပုဂ္ဂလိကကျောင်းများတွင် မြို့နယ်အစိုးရ
အသိအမှတ်ပြုကျောင်းနှင့် အသိအမှတ်ပြုခြင်းမရှိသောကျောင်းရှိပါသည်။ မူကြိုကျောင်းထားနိုင်သည့် ကလေး၏အသက် (ပုံမှန်အားဖြင့် လသားမှစ၍ မူလတန်းကျောင်းမထက်မီ)နှင့် မူကြိုကျောင်း၏ဝန်ဆောင်မှုသည် ကျောင်းတစ်ခုနှင့်တစ်ခု မတူညီပါ။ မူကြိုကျောင်းနှင့် ကလေးထိန်းကျောင်း ၂ မျိုး၏ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးသည့် အသိအမှတ်ပြု ကလေးထိန်း မူကြိုကျောင်းလည်း ရှိပါသည်။ ကလေး အသက် ၃နှစ်ကျော်ပါက အလုပ်အကိုင်မရှိသည့် မိဘလည်း ကလေးထား နိုင်ပါသည်။ အသေးစိတ်ကို မူကြိုကျောင်း၊ ကလေးထိန်းမူကြိုကျောင်းများထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းပါ။ သို့မဟုတ် အစိုးရမူကြိုကျောင်း၊ ကလေးထိန်းမူကြိုကျောင်းထားလိုပါက မြို့နယ်အစိုးရထံသို့ စုံစမ်းမေးမြန်းပါ။