ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ရှိလာပါက ဆေးရုံ၊ဆေးခန်းသွားပြပြီး “ကိုယ်ဝန်ဆောင်အကြောင်းကြားစာ”ကို ထုတ်ယူရပါမည်။ ထို့အကြောင်းကြားစာကို မြို့နယ်ရုံး သို့မဟုတ် ကျန်းမာရေးစင်တာထံသို့ တင်ပြလျှင် “မိခင်နှင့်ကလေး ကျန်းမာရေးမှတ်တမ်းစာအုပ်”ကို ထုတ်ပေးပါမည်။ ဤစာအုပ်သည် ကိုယ်ဝန်ရှိသည့်အချိန်ကစပြီး ကလေးမွေးဖွားပြီး ကလေးကိုပြုစုစောင့်ရှောက်သည့်ကာလ တောက်လျှောက် မိခင်နှင့်ကလေးတို့၏ ကျန်းမာရေးအခြေအနေကို စီမံစောင့်ရှောက်ရန်အတွက် ဖြစ်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလတွင် နေ့စဥ် ကိုင်ဆောင်သွားပါ။

ကိုယ်ဝန်ဆောင်ကာလတွင် အဟာရပြည့်ဝအောင်စားသုံးပြီး လုံလုံလောက်လောက် အနားယူရမည့်အပြင် လမ်းလျှောက်ခြင်း စသည့်လေ့ကျင့်ခန်းကိုလည်း ပြုလုပ်ပါ။ ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးပါ။ မိခင်နှင့်ကလေး ကျန်းမာရေးမှတ်တမ်းစာအုပ်ရရှိလျှင် ကျန်းမာရေးဆေးစစ်မှုစလစ်ကိုလည်း ထုတ်ယူနိုင်ပါသည်။ ဤစလစ်ဖြင့် ဆေးစစ်မှုကို လျှော့ဈေးဖြင့် သို့မဟုတ် အခမဲ့ စစ်ဆေးနိုင်ပါသည်။ ထို့အပြင် သားဖွားဆရာမ၊ ကျန်းမာရေးမှူးက အိမ်ကိုလာတွေ့ပြီး တိုင်ပင်ဆွေးနွေးပေးနိုင်ပါသည်။ ကိစ္စအမျိုးမျိုးကို ဆွေးနွေးနိုင်ပါသည်။ မိခင်သင်တန်း ဖခင်သင်တန်းတက်ရောက်ပြီး ကလေးမမွေးမီ သိကောင်းစရာများနှင့် ကလေးထိန်းနည်းများကို လေ့လာနိုင်ပါသည်။
အသေးစိတ်ကို မြို့နယ်ရုံး သို့မဟုတ် ဆေးရုံ၊ဆေးခန်းတွင် စုံစမ်းမေးမြန်းပါ။

📖နိုင်ငံခြားဘာသာမိခင်နှင့်ကလေးကျန်းမာရေးမှတ်တမ်းစာအုပ် (အခပေး)/ မိခင်နှင့် ကလေးကျန်းမာရေးသုတေသနအသင်း

ဖုန်း :
03-4344-1188

စာအုပ်များဝယ်ယူနိုင်သည့်စာမျက်နှာ (ဂျပန်ဘာသာ)

စာအုပ်များဝယ်ယူနိုင်သည့်စာမျက်နှာ (အင်္ဂလိပ်ဘာသာ)