ဆေးရုံ၊ ဆေးခန်းအကြောင်း သိကောင်းစရာ

သိကောင်းစရာများ

ဂျပန်နိုင်ငံတွင် ဆေးရုံတက်၊ ခွဲစိတ်ကုသမှုခံယူနိုင်သည့်ဆေးရုံကြီးနှင့် ဆေးရုံကြီးထက် သေးသော ဆေးရုံ၊ဆေးခန်း နှစ်မျိုးနှစ်စားရှိပါသည်။ ဆေးရုံကြီး (အစိုးရအထွေထွေရောဂါကုဆေးရုံ)သည် ဆေးကုသမှုဌာနမျိုးစုံရှိသည်အပြင် တစ်နေရာတည်း ဆေးစစ်မှုမျိုးစုံစစ်ဆေးနိုင်သောကြောင့် အဆင်ပြေသော်လည်း မနက်တစ်ပိုင်းသာ ဆရာဝန် စမ်းသပ်ပေးခြင်း၊ ဆရာဝန်၏ ဆေးစာမပါလျှင် ပထမဆရာဝန်စမ်းသပ်ခ ဈေးများခြင်းစသည့် အဆင်မပြေမှု များလည်းရှိပါသည်။ ရောဂါ၊ ဒဏ်ရာအခြေအနေပေါ်မူတည်ပြီး သွားပြမည့်ဆေးရုံ၊ ဆေးခန်းကို ရွေးချယ်သင့်ပါသည်။

💻Medical information net (NAVII)

ဤဆိုဒ်တွင် သင်သည် နိုင်ငံခြားဘာသာစကား ဖြင့် ဝန်ဆောင်မှုပေးနိုင်သော ဆေးရုံများနှင့် ဆေးဆိုင်များကို ဘာသာစကား မျိုးစုံဖြင့် ရှာဖွေနိုင်သည်။

ပင်မစာမျက်နှာမှ "じっくり探す"(အသေးစိတ် ရှာဖွေမည်) ကို ဝင်၍၊ "外国語"(နိုင်ငံခြားဘာသာစကားများ) ကို ရွေးချယ်ပြီး၊ "対応できる外国語を選択"(ထောက်ပံ့နိုင်သော နိုင်ငံခြားဘာသာစကားများ) မှ ရွေးချယ်ပါ။

Medical information net (NAVII)

ဆရာဝန်စမ်းသပ်မှုခံယူပြီး ငွေရှင်းကောင်တာတွင်ငွေရှင်းသည့်လုပ်ငန်းစဥ်အဆင့်ဆင့်

ဆေးရုံသွားပြသည့်အခါ ကျန်းမာရေးအာမခံကတ်ကိုတင်ပြရပါမည်။ ကျန်းမာရေးအာမခံကတ် မေ့သွားပါက ဆေးကုသမှုစရိတ်အားလုံးကို ပေးဆောင်ရသောကြောင့် မမေ့ပါနှင့်။
ပထမဦးစွာ ရောဂါလက္ခဏာ သို့မဟုတ် ဒဏ်ရာအခြေအနေ၊ ဓာတ်မတည့်မှုရှိမရှိကို မေးခွန်းလွှာတွင် ဖြည့်ပေးရပါမည်။ ဂျပန်ဘာသာ နားမလည်ပါက ဆေးရုံကောင်တာတွင် ရှင်းပြပြီး အကူအညီတောင်းပါ။
လူနာကို စာရင်းပေးထားသည့်အတိုင်း ခေါ်ဆိုပြီး ဆရာဝန်မှ စမ်းသပ်ပေးပါမည်။ လိုအပ်လျှင် ဆေးစစ်ခြင်း၊ ဆေးထည့်ခြင်း ပြုပါမည်။ ထို့နောက် ငွေရှင်းရပါမည်။ ဂျပန်နိုင်ငံတွင် Credit ကတ်လက်ခံသည့် ဆေးရုံသည် နည်းသေးသောကြောင့် ငွေသားကိုယူဆောင်သွားပါ။

💻နိုင်ငံခြားဘာသာရပ်ဆေးဘက်ဆိုင်ရာမေးခွန်းလွှာ / International Community Hearty Konandai ၊ ခါနာဂါဝါနိုင်ငံတကာဖလှယ်ရေးဖောင်ဒေးရှင်း

ဆေးဘက်ဆိုင်ရာမေးခွန်းလွှာဆိုသည်မှာ လက်ရှိ ကျန်းမာရေးအခြေအနေ၊ ယခင်ကခံစားခဲ့ဘူးသည့် ဝေဒနာများ၊ ဓာတ်မတည့်မှုရှိမရှိစသည့်အချက်များကို မေးမြန်းသည့် မေးခွန်းလွှာဖြစ်ပါသည်။ ဆရာဝန်၏ စမ်းသပ်မှုမခံယူမီ လူနာမှ ဖြေဆိုပြီး တင်ပြရပါမည်။
ဤဝက်ဘ်ဆိုင်တွင် နိုင်ငံခြားဘာသာရပ် ဆေးဘက်ဆိုင်ရာမေးခွန်းလွှာကို ကုသရေးဌာနအလိုက်နှင့် ရောဂါ

လက္ခဏာအလိုက် ရှာနိုင်ပါသည်။ မြန်မာဘာသာဖြင့်လည်း ရှာနိုင်ပါသည်။

နိုင်ငံခြားဘာသာရပ် ဆေးဘက်ဆိုင်ရာမေးခွန်းလွှာ

💻နိုင်ငံခြားဘာသာမျိုးစုံဆေးဘက်ဆိုင်ရာစာရွက်စာတမ်းများ / ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန

ကျန်းမာရေးဝန်ထမ်များနှင့် နိုင်ငံခြားသားအားကူညီပေးနေသူများအတွက် ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းများ (စာရင်းပေးခြင်း၊ မေးခွန်းလွှာ၊ ကုသခြင်း၊ ခွဲစိတ်ခြင်း၊ ဆေးစစ်ခြင်း)ကို နိုင်ငံခြားဘာသာမျိုးစုံဖြင့် ဘာသာပြန်ပေးထားပါသည်။

နိုင်ငံခြားဘာသာမျိုးစုံဆေးဘက်ဆိုင်ရာစာရွက်စာတမ်းများ

ဆေးဆိုင်

ဆရာဝန်၏စမ်းသပ်ကုသမှုကို ခံယူသည့်ဆေးရုံတွင် တစ်နေရာတည်းတွင် ဆေးကိုဝယ်ယူပြီး စမ်းသပ်ခနှင့် ဆေးဖိုးကို ပေးနိုင်သည့်ဆေးရုံလည်း ရှိသော်လည်း ပုံမှန်အားဖြင့် ပိုက်ဆံရှင်းသည့်အခါ ထုတ်ပေးမည့်ဆေးစာဖြင့် ဆေးရုံပြင်ပရှိ ဆေးဆိုင်ကိုသွားပြီး ဆေးဝယ်ရပါမည်။ ပထမအကြိမ် ဆေးဆိုင်ကို ဆေးသွားဝယ်သည့်အခါ ကျန်းမာရေးအာမခံကတ်ကို ပြရမည့်အပြင် ဓာတ်မတည့်မှုရှိမရှိကို မေးမြန်းသည့် မေးခွန်းလွှာကို ဖြည့်ရပါမည်။ ကျန်းမာရေးအာမခံကတ် ယူဆောင်လာခြင်းမရှိပါက ဆေးဝါးစရိတ်အားလုံးကို ပေးဆောင်ရသောကြောင့် ကျန်းမာရေးအာမခံကတ်မမေ့ပါနှင့်။