I-PAL Kagawa အကြောင်း

I-PAL Kagawa (တရားဝင်နာမည် ”ကာဂါဝါနိုင်ငံတကာဖလှယ်ရေးစင်တာ”)သည် ကာဂါဝါခရိုင်ရှိ နိုင်ငံတကာ ဖလှယ်ရေးစင်တာ ဖြစ်ပါသည်။ ကာဂါဝါခရိုင်အစိုးရ ရုံးစိုက်ရာမြို့ ဖြစ်သည် တာခါမာဆုမြို့၏ အချက်အချာကျသည့် နေရာတွင်တည်ရှိနေပါသည်။ ကာဂါဝါခရိုင်နိုင်ငံတကာဖလှယ်ရေးအသင်းသည် I-PAL Kagawaကို စီမံခန့်ခွဲသည့် အပြင် ခရိုင်နှင့် မြို့နယ်အစိုးရများ၊ မြို့နယ်နိုင်ငံတကာဖလှယ်ရေးအသင်းများနှင့် ပူပေါင်းဆောင်ရွက်၍ နိုင်ငံတကာ ဖလှယ်ရေးနှင့် နိုင်ငံတကာ ပူပေါင်းဆောင်ရွက်မှုမျိုးစုံကို စီစဥ်ဆောင်ရွက်နေပါသည်။

မကြာသေးမီနှစ်များအတွင်း တစ်နှစ်ထက်တစ်နှစ် ကာဂါဝါခရိုင်တွင် နေထိုင်နေသည့် နိုင်ငံခြားသားဦးရေ တိုးပွားလာနေသောကြောင့် နိုင်ငံခြားသားများနှင့် ဂျပန်ပြည်သူများသည် အတူတူတစ်နေရာတည်းတွင် နေထိုင်နေသည့် အပေါင်းအဖော်အဖြစ် ပျော်ရွှင်စွာ နေထိုင်နိုင်သည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ရန် ဂျပန်ရောက် နိုင်ငံခြားသားများအား ပံ့ပိုးကူညီခြင်းအပါအဝင် ယဉ်ကျေးမှုများ ပေါင်းစည်းနေထိုင်ခြင်းဆိုင်ရာ လုပ်ငန်းများကို အထူးကြိုးပမ်းဆောင်ရွက်နေပါသည်။ ကာဂါဝါခရိုင်တွင် နေထိုင်နေသည့် နိုင်ငံခြားသားများရော ထို့နိုင်ငံခြားသားများအား ပံ့ပိုးကူညီပေးသူများပါ ကူညီဆောင်ရွက်ပေးရန် အဆင်သင့်ရှိပါသည်။ အခက်အခဲများ၊ အဆင်မပြေမှုများရှိပါက အချိန်မရွေး လာရောက်ဆက်သွယ်နိုင်ပါသည်။

🏢သင်နေထိုင်နေသည့် မြို့နယ်တွင်လည်း နိုင်ငံတကာဖလှယ်ရေးကို တာဝန်ယူဆောင်ရွက်နေသည့် အစိုးရဌာနနှင့် နိုင်ငံတကာဖလှယ်ရေးအသင်းရှိပါသည် မည်သည့်ကိစ္စမဆို ဆက်သွယ်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

⑧ခရိုင်နှင့်မြို့နယ်အစိုးရနိုင်ငံတကာဖလှယ်ရေးဌာနများ

⑨ခရိုင်နှင့်မြို့နယ်ရှိနိုင်ငံတကာဖလှယ်ရေးအသင်းများ