အခက်အခဲများတိုင်ပင်ဆွေးနွေးရန်

ကာဂါဝါနိုင်ငံခြားသားကူညီရေးစင်တာ

ကာဂါဝါခရိုင်တွင် နေထိုင်သည့် နိုင်ငံခြားသားများနှင့် နိုင်ငံခြားသားများကို ကူညီပေးနေသည့် ဂျပန်ပြည်သူများအား ဘာသာစကားမျိုးစုံဖြင့် တိုင်ပင်ဆွေးနွေးပေးနေပါသည်။ အခက်အခဲရှိပါက ဆက်သွယ်တိုင်ပင်နိုင်ပါသည်။

အချိန် :
အင်္ဂါနေ့မှ တနင်္လာနေ့အထိ 9:00-16:00 (I-PAL Kagawa ရုံးပိတ်သည့်နေ့တွင်လည်း ရုံးပိတ်သည်။)
နေရာ :
ကာဂါဝါနိုင်ငံတကာဖလှယ်ရေးအသင်းရုံး ဒုတိယထပ်
တိုင်ပင်ရန် :
လာရောက်တိုင်ပင်နိုင်သည့်အပြင် ဖုန်း (087-837-0411) email soudan@i-pal.or.jp
ဘာသာစကား :
ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ပေါ်တူဂီ၊ ဗီယက်နမ်ဘာသာ (အင်္ဂါနေ့၊ ဗုဒ္ဂဟူးနေ့)
※ဘာသာစကား ၇၄မျိုးအတွက် စကားပြန်စက်ကိုအသုံးပြုပြီး တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
※ဖုန်းစကားပြန်ဝန်ဆောင်မှုကို အသုံးပြုပြီး မြန်မာဘာသာစကားဖြင့်လည်း တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ 087-837-0411ကိုဖုန်းဆက်ပြီး စကားပြန်လိုအပ်ကြောင်းကို ကြိုတင်အသိပေးပါ။

💻နေထိုင်မှုဘဝနှင့်လုပ်ငန်းခွင်ဆိုင်ရာလမ်းညွှန်စာအုပ် /လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာန

နိုင်ငံခြားသားများ ဂျပန်နိုင်ငံတွင်နေထိုင်သည့်အခါ အသုံးများသည့် နေထိုင်မှုဘဝဆိုင်ရာ အချက်အလက်များကို ဘာသာစကားမျိုးစုံဖြင့် ရှင်းပြထားပါသည်။ မြန်မာဘာသာစကားဖြင့်လည်း ရှင်းပြထားသည့်စာအုပ်လည်းရှိပါသည်။

URL:
နေထိုင်မှုဘဝနှင့်လုပ်ငန်းခွင်ဆိုင်ရာလမ်းညွှန်စာအုပ်

လူ့အခွင့်အရေးနှင့် ဥပဒေရေးရာတိုင်ပင်မှု

ရှေ့နေနှင့် တရားရေးဌာနဝန်ထမ်းများက ကာဂါဝါခရိုင်တွင်နေထိုင်သည့် နိုင်ငံခြားသားနှင့် နိုင်ငံခြားသားကို ကူညီနေသည့် ဂျပန်ပြည်သူအား အခမဲ့တိုင်ပင်ဆွေးနွေးပေးနေပါသည်။ စကားပြန်ကို အသုံးပြုပြီး တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ဖုန်း (087-837-5908)ဖြင့် ကြိုတင်ရက်ချိန်းယူပါ။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

အချိန် :
တတိယ သောကြာနေ့ 13:00-15:00(၁ကြိမ် မိနစ် ၃၀ခန့်)
နေရာ :
ဒုတိယထပ် အစည်းအဝေးခန်းမငယ်
တိုင်ပင်နိုင်မည့်အကြောင်းအရာ :
ဥပဒေရေးရာကိစ္စရပ်များ

📞ဘာသာစကားမျိုးစုံသတင်းအချက်အလက်ဝန်ဆောင်မှု /Hoterasu (ဂျပန်ဥပဒေရေးရာကူညီရေးစင်တာ)

မေးမြန်းစုံစမ်းသည့်အကြောင်းအရာပေါ်မူတည်ပြီး ပြဿနာကို ဖြေရှင်းပေးနိုင်မည့် ဂျပန်နိုင်ငံ၏ ဥပဒေစနစ်၊ ရှေ့နေအသင်းစသည့် ဌာနများကို အခမဲ့မိတ်ဆက်ပေးပါသည်။ 0570-078377 ဖုန်းဆက်ပါက စကားပြန်ကိုအသုံးပြုပြီး Hoterasuဝန်ထမ်းနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

ရုံးချိန် :
ကြားရက် 9:00-17:00
🏢သတ်မှတ်အခြေအနေများနှင့်ကိုက်ညီပါက Hoterasuရုံးတွင် ရှေ့နေနှင့် အခမဲ့တိုင်ပင်ဆွေးနွေးနိုင်သည်။ အသေးစိတ်ကို Hoterasu ကာဂါဝါဥပဒေရုံးတွင် ဆက်သွယ်စုံစမ်းပါ။

လက်မှတ်ရဥပဒေကျွမ်းကျင်သူနှင့်တိုင်ပင်ခြင်း

ကာဂါဂါခရိုင်တွင် နေထိုင်နေသည့်နိုင်ငံခြားသားများနှင့် နိုင်ငံခြားသားကိုကူညီနေသည့် ဂျပန်ပြည်သူသည် လက်မှတ်ရဥပဒေကျွမ်းကျင်သူနှင့် အခမဲ့တိုင်ပင်ဆွေးနွေးနိုင်သည်။ ဂျပန်ဘာသာစကားဖြင့်သာ တိုင်ပင်နိုင်ပါသည်။ ကြိုတင်ရက်ချိန်းယူစရာမလိုပါ။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

အချိန် :
ပထမအင်္ဂါနေ့ 11:00-13:00(၁ကြိမ် မိနစ် ၃၀ခန့်)
နေရာ :
ဒုတိယထပ် ထပ်ခိုး ဖလှယ်ရေးခန်းမ
တိုင်ပင်နိုင်မည့်အကြောင်းအရာ :
နေထိုင်ခွင့်၊ နိုင်ငံခြားသားနှင့်လက်ထပ်ခြင်း၊ ယာဉ်မတော်တဆမှု စသည့်အချက်များ

📞Yorisoi ဟော့လိုင်း / လူနေမှုဘဝတွင်ပါဝင်နိုင်ရန်ကူညီထောက်ပံ့ရေးစင်တာ

လူနေမှုဘဝတွင်ပါဝင်နိုင်ရန်ကူညီထောက်ပံ့ရေးစင်တာ နိုင်ငံခြားဘာသာဖြင့် ပြဿနာအမျိုးမျိုးကို အခမဲ့ဖုန်းဖြင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ 0120-279-338ကို ဖုန်းဆက်ပြီး ဂျပန်ဘာသာဖြင့် လမ်းညွှန်ချက်ကို နားထောင်ပြီးနောက် နံပါတ် ၂ကိုနှိပ်ပါ။ ထို့အပြင် Messenger ဖြင့်လည်း ဖုန်းဆက်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ထို့အခါ Facebookတွင် “ Yorisoi ဟော့လိုင်း” ကို စာကြိုပို့ပေးပါ။ အသေးစိတ်ကို Facebook တွင် လေ့လာနိုင်ပါသည်။

Yorisoi ဟော့လိုင်း

စကားပြန်အကူအညီ

ဂျပန်ဘာသာစကားသိပ်မပြောတတ်သော နိုင်ငံခြားသားသည် ကာဂါဝါခရိုင်တွင် ဆေးရုံ၊ဆေးခန်းသွားပြသည့်အခါ စေတနာလုပ်အားရှင်အဖြစ် စကားပြန် (စကားပြန်အဖြစ် အလုပ်လုပ်နေသူမဟုတ်ပါ)ကို စီစဥ်စေလွှတ် ပေးနိုင်ပါသည်။ စေတနာလုပ်အားရှင်၏ လမ်းစရိတ်အပြင် တစ်နာရီကို ယန်း၁၀၀၀ ပေးရပါမည်။ စကားပြန်လိုအပ်ပါက လိုအပ်သည့်အချိန်နှင့် လိုအပ်သည့်နေရာကို ပြောပြပေးပါ။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

ကာဂါဝါခရိုင်နိုင်ငံခြားသားကျောင်းသားနေစရာအခန်းရရှိရေးကူညီပေးခြင်းစနစ်

ဂျပန်နိုင်ငံတွင် အခန်းငှားသည့်အခါ ပုံမှန်အားဖြင့် အာမခံပေးသူလိုအပ်ပါသည်။ Japan Educational Exchanges and Servicesအသင်းဝင်ဖြစ်သည့် ကျောင်းများ (ကာဂါဝါတက္ကသိုလ်၊ တာခါမာဆုတက္ကသိုလ်၊ တာခါမာဆုကောလိပ်၊ ကာဂါဝါနည်းပညာကောလိပ်)၏ ကျောင်းသားများသည် အခန်းငှားသည့်အခါ အသင်းမှ အာမခံပေးသူအဖြစ် ဆောင်ရွက်ပေးပါမည်။ နေစရာအခန်းရွေးပြီးလျှင် ကျောင်း၏ သမဝါယမမှာ နိုင်ငံခြားသားနေစရာအခန်း အထွေထွေအာမခံ (မီးဘေးအစရှိသော အရေးပေါ်အခြေအနေနှင့် အာမခံပေးသူကို အာမခံပေးသည့်အာမခံ)ကို ဝင်ပြီး ပြေစာနှင့် တက္ကသိုလ်၏ထောက်ခံစာ၊ အခန်းငှားစာချုပ် စာရွက်စာတမ်း ၃ မျိုးကိုစီစဥ်ပြီး I-PAL Kagawaကိုလာပါ။
အသေးစိတ်ကို ကျောင်း သို့မဟုတ် I-PAL Kagawa၏ ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။