ဂျပန်ဘာသာစကားလေ့လာရန်

ဂျပန်ဘာသာစကားသင်တန်း

နိုင်ငံခြားသားများက ဂျပန်နိုင်ငံတွင်နေထိုင်ရာတွင် အသုံးများသည့် ဂျပန်ဘာသာစကားကို လေ့လာနိုင်သည့် ဂျပန်ဘာသာစကားသင်တန်းဖြစ်ပါသည်။ ဂျပန်ဘာသာစကားကို မသင်ဖူးသူမှ အခြေခံအဆင့်ပြောနိုင်သူ (JLPT N4 အဆင့်)အထိ သင်တန်းလယ်ဗယ် ၅ ခုရှိပါသည်။
သင်တန်းသည် ပထမသင်တန်းကာလ (ဧပြီလမှ စက်တင်ဘာလ)၊ ဒုတိယသင်တန်းကာလ (အောက်တိုဘာလမှ မတ်လ) သင်တန်းကာလ ၂ ခုရှိပြီး သင်တန်းကာလအသီးသီးတွင် သင်တန်း ၁၇ ကြိမ်ရှိပါသည်။ သင်တန်းကို တစ်ပတ် ၁ ကြိမ် (ကြာသပတေးနေ့ သို့မဟုတ် စနေနေ့)တွင် ၂ နာရီ ပို့ချပေးပါသည်။ နွေရာသီ (သြဂုတ်လနှင့် စက်တင်ဘာလ) တွင် အခြေခံအထူးကြပ်မတ်သင်တန်းကိုလည်း ဖွင့်ပါသည်။
အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

I-PAL ကလေးဂျပန်ဘာသာစကားသင်တန်း

နိုင်ငံခြားတွင်မွေးဖွားသည့် ကလေးများအတွက် နွေရာသီ၊ နွေဦးရာသီကျောင်းပိတ်ရက်တွင် နေ့စဥ်ဘဝနှင့် ကျောင်းပညာရေးအတွက် သိသင့်သိထိုက်သော ဂျပန်ဘာသာစကားကို လေ့လာလျှက် သူငယ်ချင်းများရရှိနိုင်သည့် သင်တန်းကို ဖွင့်လှစ်နေပါသည်
အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။。

ဂျပန်ဘာသာစကားဆလွန်းနှင့် & ဂျပန်ဘာသာစကားကလပ်

ဂျပန်ဘာသာစကား စေတနာရှင်ဆရာ၊ ဆရာမများနှင့် ဂျပန်ဘာသာစကားဖြင့် ပျော်ရွှင်စွာ စကားပြောနိုင်သည့် အခမဲ့သင်တန်းဖြစ်ပါသည်။ ကာဂါဝါခရိုင်နိုင်ငံတကာဖလှယ်ရေးအသင်းက ကျင်းပသည့် ဂျပန်ဘာသာစကားဆလွန်းနှင့် တာခါမာဆုနိုင်ငံတကာဖလှယ်ရေးအသင်းမှ ကျင်းပသည့် ဂျပန်ဘာသာစကားကလပ်တို့ ရှိပါသည်။ ကြိုတင်စာရင်းသွင်းစရာမလိုပဲ လာရောက်ပါဝင်နိုင်ပါသည်။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။。

  • ဂျပန်ဘာသာစကားဆလွန်း (ဖုန်း: 087-837-5908
    အင်္ဂါနေ့ 10:00-12:00 ၂ထပ် ထပ်ခိုး ဖလှယ်ရေးခန်းမ
    ကြာသပတေးနေ့ 18:00-20:00 စာကြည့်တိုက်
  • ဂျပန်ဘာသာစကားကလပ် (ဖုန်း:087-837-6003
    တနင်္ဂနွေနေ့ 13:00-16:00 ၃ထပ် အစည်းအဝေးခန်းမ

🏢ကာဂါဝါခရိုင်ရှိ အခြားဂျပန်ဘာသာစကားသင်တန်းများ

ခရိုင်အတွင်းတွင် ဂျပန်ဘာသာစကားသင်တန်း အမြောက်အများရှိပါသည်။ အသေးစိတ်ကို သင်တန်းအသီးသီးထံသို့ ဆက်သွယ်စုံစမ်းပါ။

⑫ခရိုင်အတွင်းရှိဂျပန်ဘာသာစကားသင်တန်းများ

စေတနာရှင်ဂျပန်ဘာသာစကားဆရာ၊ဆရာမ

ဂျပန်ဘာသာစကားကို သင်ပေးမည့် စေတနာရှင်ဆရာ၊ဆရာမများကို မိတ်ဆက်ပေးနေပါသည်။ I-PAL Kagawaမှ ကျင်းပသည့် ဂျပန်ဘာသာစကားသင်တန်းတွင် မိမိအတွက်အဆင်ပြေမည့် သင်တန်းအချိန် သို့မဟုတ် သင်တန်းလယ်ဗယ် မရှိလျှင်လည်း မိမိအတွက် အဆင်ပြေမည့်အချိန်တွင် မိမိနှင့်ကိုက်ညီသည့် လယ်ဗယ်ရှိ သီးသန့်သင်တန်းကို စီစဥ်ဆောင်ရွက်ပေးနိုင်ပါသည်။ ကုန်ကျစရိတ်သည် သင်တန်းတစ်နာရီအတွက် ဉာဏ်ပူဇော်ခ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

ဂျပန်ဘာသာစကားသင်ခန်းစာစာအုပ်များ

I-PAL Kagawa၏ စာကြည့်တိုက်တွင် ဂျပန်ဘာသာစကား သင်ခန်းစာစာအုပ်များနှင့် ဂျပန်ဘာသာစကား အရည်အချင်းစစ်စာမေးပွဲအတွက် စာအလုပ်မျိုးစုံရှိပါသည်။ စာအုပ်များကို ငှားသုံးရန် စာကြည့်တိုက် အသုံးပြုသူကတ် လိုအပ်သောကြောင့် စာကြည့်တိုက်တွင် ပြုလုပ်ပါ။ စာအုပ်ကို တစ်ကြိမ်လျှင် ၂ အုပ်၊ ၂ ပတ်အထိ ငှားဖတ်နိုင်ပါသည်။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

💻ဂျပန်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ / ဂျပန်နိုင်ငံတကာပညာရေးထောက်ပံ့ရေးအသင်း(JEES)

ဤစာမေးပွဲကို တစ်နှစ် ၂ ကြိမ် ဇူလိုင်လနှင့် ဒီဇင်ဘာလတို့၏ ပထမတနင်္ဂနွေနေ့တွင် စီစဥ်ကျင်းပလေ့ရှိပါသည်။ ဇူလိုင်လတွင် ကျင်းပမည့် စာမေးပွဲအတွက် မတ်လလလယ်လောက်မှ ဧပြီလလကုန်အထိ၊ ဒီဇင်ဘာလ စာမေးပွဲအတွက် သြဂုတ်လလလယ်မှ စက်တင်ဘာလလကုန်အထိ စာရင်းသွင်းနိုင်ပါသည်။ အွန်လိုင်းမှတဆင့် စာရင်းသွင်းနိုင်ပါသည်။
အသေးစိတ်ကို ဝက်ဘ်ဆိုက် (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့်)တွင် လေ့လာနိုင်ပါသည်။ (