I-PAL Kagawaမှရနိုင်သော အခြားအကူအညီများ

နိုင်ငံခြားဘာသာသင်တန်း

I-PAL Kagawaမှာ အထက်တန်းကျောင်းသားနှင့် လူကြီးများအတွက် နိုင်ငံခြားဘာသာသင်တန်းများကို စီစဥ်ကျင်းပနေပါသည်။ သင်တန်းကို ဧပြီလမှ ဇူလိုင်လအတိ (၁၂ကြိမ်)၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ (၁၂ကြိမ်)၊ ဇန်နဝါရီလမှ မတ်လအထိ(၉ကြိမ်) တစ်နှစ်တွင် သင်တန်း ၃ခုကို တစ်ပတ်တွင် ၁ကြိမ်၊ တစ်ကြိမ်ကို ၂နာရီ စီစဥ်ကျင်းပပါသည်။ မည်သည့်ဘာသာစကားသင်တန်းမဆို တစ်ကြိမ်သာ အခမဲ့ဝင်ရောက်စမ်းသပ်သင်ယူနိုင် သောကြောင့် စုံစမ်းနိုင်ပါသည်။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

စေတနာလုပ်အားရှင်အဖြစ်ပါဝင်ရန်

I-PAL Kagawaသည် စေတနာလုပ်အားရှင်အဖြစ်ကူညီပေးမည့်သူကို ရှာနေပါသည်။ နိုင်ငံခြားသားဖြစ်ပါက စေတနာလုပ်အားရှင်အဖြစ် စကားပြန်လုပ်ပေးခြင်းနှင့် နိုင်ငံခြားယဉ်ကျေးမှုကို မိတ်ဆက်တင်ပြခြင်းဖြင့် ပါဝင် လှုပ်ရှားနိုင်ပါသည်။ စိတ်ဝင်စားပါက စေတနာလုပ်အားရှင်အဖြစ် စာရင်းသွင်းပေးပါ။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

နိုင်ငံခြားစာအုပ်၊ မဂ္ဂဇင်းများကိုဖတ်ရန်

စာကြည့်တိုက်

I-PAL Kagawa၏ စာကြည့်တိုက်တွင် ဂျပန်ဘာသာ၏ သင်ခန်းစာစာအုပ်အပြင် ရုပ်ပုံစာအုပ် (ဘာသာစကား ၁၁မျိုး)၊ ရုပ်ရှင်DVD (ဘာသာစကား ၈မျိုး)ရှိပါသည်။ စာအုပ်ငှားရန် စာကြည့်တိုက်ကတ်လုပ်ရန်လိုအပ်သောကြောင့် စာကြည့်တိုက်တွင် ကတ်ပြုလုပ်ပါ။ စာအုပ်ကို ၂ပတ်ငှားနိုင်ပြီး တစ်ကြိမ်တွင် ၂အုပ်အထိ ငှားဖတ်နိုင်ပါသည်။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

ဖလှယ်ရေးခန်းမ

နိုင်ငံခြားသတင်းစာ၊ မဂ္ဂဇင်းများကို အခမဲ့ဖတ်ရှုလေ့လာနိုင်ပါသည်။

သတင်းစာ :
အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဗီယက်နမ်၊ ရုရှား၊ တဂါလော့ဘာသာ
မဂ္ဂဇင်း :
ဂျပန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးဘာသာ

💻ကာဂါဝါခရိုင်ခရီးသွားခြင်းဆိုင်ရာသတင်းအချက်အလက်များဝက်ဘ်ဆိုက် “VISIT KAGAWA” / ကာဂါဝါခရိုင်ခရီးသွားအသင်း

ဘာသာစကားမျိုးစုံဖြင့် ခရီးသွားခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ၊ ကူပွန်များကို Download လုပ်နိုင်သည့်အပြင် ခရိုင်အတွင်းရှိ Free Wi-Fiအသုံးပြုနိုင်သည့်နေရာကိုလည်း ရှာနိုင်ပါသည်။ အသေးစိတ်ကို ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

ကာဂါဝါခရိုင်ခရီးသွားခြင်းဆိုင်ရာသတင်းအချက်အလက်များဝက်ဘ်ဆိုက် “VISIT KAGAWA”

I-PAL Kagawaရှိ အခန်းကို ငှားသုံးရန်

စီးပွားရေးအကျိုးအမြတ်အတွက်မဟုတ်ပါက အစည်းအဝေးခန်းကို ငှားသုံးနိုင်ပါသည်။ သင်တန်းခန်းမ အဖြစ်အသုံးပြုနိုင်သည့် အစည်းအဝေးခန်းမအပြင် အသေးစားအစည်းအဝေးခန်း၊ ဂျပန်ရိုးရာအခန်းများရှိပါသည်။ အစည်းအဝေးခန်းအသုံးပြုခနှင့် အသုံးပြုနိုင်မှုအခြေအနေကို ဝက်ဘ်ဆိုင်တွင် လေ့လာနိုင်ပါသည်။

I-PAL Kagawa၏ ကြော်ငြာသင်ပုန်းကို အသုံးပြုရန်

ဖလှယ်ရေးပွဲစသည့် မိမိစီစဥ်မည့်ပွဲ၏ အစီအစဥ်ကို I-PAL Plazaရှိ ကြော်ငြာသင်ပုန်းတွင် ကြော်ငြာနိုင်ပါသည်။ ကတ်လိုသည့် စာရွက်ကို I-PAL Kagawaရှိ ကာဂါဝါခရိုင်နိုင်ငံတကာဖလှယ်ရေးအသင်းကို ယူဆောင်လာပါ။ အစီအစဥ်ကို လေ့လာပြီးမှ ကြော်ငြာပေးပါမည်။ တစ်လတိတိ ကြော်ငြာပေးပါမည်။

I-PAL Kagawaတွင်ရှိ ဖလှယ်ရေးခန်းမကို အသုံးပြုရန်

အဖွဲ့အလိုက် ဖလှယ်ရေးပွဲကျင်းပလိုပါက ဒုတိယထပ် ထပ်ခိုးရှိ ဖလှယ်ရေးခန်းမ သို့မဟုတ် ပထမထပ်ရှိ Free Spaceကို အသုံးပြုနိုင်ပါသည်။

အချိန် :
I-PAL Kagawaရုံးဖွင့်ရက်များ 9:00-18:00

Free Wi-Fiကို အသုံးပြုရန်

Wi-Fi Settingတွင် “freespot”ကို ရွေးပါ။

ဖလှယ်ရေးပွဲတွင်ပါဝင်ဆင်နွှဲရန်

I-PAL Kagawaက ကျင်းပမည့် ဖလှယ်ရေးပွဲအပြင် နိုင်ငံခြားမျိုးစုံ၏ ယဉ်ကျေးမှုကို လေ့လာနိုင်သည့် သင်တန်းများတွင် တက်ရောက်ပါဝင်ဆင်နွှဲနိုင်ပါသည်။ အသေးစိတ်ကို အောက်ပါဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

ပွဲများ၏သတင်းအချက်အလက်ကိုရှာရန်

ပွဲများ၊ နိုင်ငံခြားသားများအတွက် အကျိုးရှိသည့်သတင်းအချက်အလက်များကို SNSတွင် ပိုစ့်တင်နေပါသည်။ “ကြိုက်”ကိုနှိပ်ပေးပါ။ သူငယ်ချင်းထည့်သွင်းပေးပါ။

Facebook:
https://www.facebook.com/ipal.kagawa/
LINE@:
アイパル香川( かがわ )
Instagram:
https://www.instagram.com/ipalkagawa/
Twitter:
https://twitter.com/ipalkagawa
Youtube:
https://www.youtube.com/channel/UC9R3r58rOcunCSpR3tgUdkg

💻အသုံးဝင်သောသတင်းအချက်အလက်ပေးပို့ခြင်း / ကာဂါဝါခရိုင်နိုင်ငံတကာဌာန

စာရင်းပေးလျှင် ၃လ ၁ကြိမ် အသုံးဝင်သောနေ့စဥ်ဘဝဆိုင်ရာ သတင်းအချက်အလက်များ၊ ပွဲအစီအစဥ်များကို အခမဲ့ပေးပို့ပေးပါမည်။ စိတ်ဝင်စားသူသည် ကာဂါဝါခရိုင်နိုင်ငံတကာဌာန၏ ဝက်ဘ်ဆိုက်တွင် စာရင်းပေးနိုင်ပါသည်။ (I-PAL Kagawaတွင် လျှောက်လွှာရှိပါသည်။)